တောင်ကြီး စက်တင်ဘာ-၁၇
အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ ၏ ဦးတည်ချက်(၄)ရပ်အနက် တစ်ရပ် ဖြစ်သည့် နိုင်ငံတော်စဥ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ခိုင်မာစေရေးအတွက် အမျိုးသားပညာရေးကဏ္ဍ၊ ကျန်းမာရေးကဏ္ဍတို့ကို အလေးထားမြှင့်တင်ရေးအတွက် အကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိရာ စက်တင်ဘာလ(၁၇)ရက်၊ မွန်းလွဲ(၂)နာရီအချိန်က ၂၀၂၅- ၂၀၂၆ ပညာသင်နှစ် ရှမ်းပြည်နယ် (တောင်ပိုင်း) အခြေခံပညာကျောင်းသားအားကစားပွဲတော်ကို တောင်ကြီးမြို့၊ ပြည်နယ်အားကစားကွင်း၌ ကျင်းပသည်။
ဦးစွာ ဖွင့်ပွဲကို ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဦးအောင်အောင်၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းဦးစီးချုပ် ဗိုလ်မှူးချုပ်စိန်မြင့်၊ ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးခွန်သိန်းမောင်၊ ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးစိုင်းလိတ်၊ ပြည်နယ်လူမှုရေးရာဝန်ကြီးဦးမင်းမင်းလွင်တို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြပြီး ပြိုင်ပွဲအသင်းဝင်အသင်းသားများအား လိုက်လံနှုတ်ဆက်ကြသည်။
ထို့နောက် ဖွင့်ပွဲတွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဦးအောင်အောင်က အခြေခံပညာအဆင့်သည် စာပေသင်ကြားရေးသာမက ကာယ၊ ဥာဏ၊ စာရိတ္တ၊ ရသ၊ သက်မွေးစသည့် ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး အတွက် နိုင်ငံတော်၏ အနာဂတ်မျိုးဆက်သစ်များ မွေးထုတ်ပေးရာ အခြေခံအဆောက်အအုံဖြစ်ပါကြောင်း၊ ကျန်းမာကြံ့ခိုင်သော နိုင်ငံတော်ကို ကိုယ်စားပြုမျိုးဆက်သစ် အားကစားသမားများ မွေးထုတ်ပေးရာ၌ အခြေခံပညာအဆင့် အားကစားပြိုင်ပွဲ ကျင်းပဆောင်ရွက်ခြင်းသည် ပညာရေးဝန်ကြီးဌာနအတွက် အထူးအလေးပေး ဆောင်ရွက်ရမည့် လုပ်ငန်းတစ်ရပ် ဖြစ်ပါကြောင်း၊ ၂၀၂၅ခုနှစ် ဘရူနိုင်းနိုင်ငံတွင်ကျင်းပမည့် (၁၄) ကြိမ်မြောက် အာဆီယံကျောင်းသားအားကစားပြိုင်ပွဲကို ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာနမှ အားကစားနည်း(၄)မျိုးဖြစ်သည့် ပြေးခုန်ပစ်၊ ကြက်တောင်ရိုက်၊ ဘတ်စကက်ဘော၊ ပိုက်ကျော်ခြင်း ပြိုင်ပွဲများဝင်ရောက်ယှဥ်ပြိုင်သွားမှာဖြစ်ကြောင်း၊ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်တွင် အခြေခံပညာ ကျောင်းသားအားကစားပြိုင်ပွဲများကျင်းပပြုလုပ်ပြီး မျိုးဆက်သစ်အားကစားသမားများရွေးချယ်၍ အာဆီယံကျောင်းသားအားကစားပြိုင်ပွဲကို ပါဝင်ယှဥ်ပြိုင်သွားမှာဖြစ်ကြောင်း၊ အားကစားသမားများ ယခုလို ကစားခွင့်ရရှိရေးအတွက် အားပေးကူညီပံ့ပိုးလျက်ရှိသည့် အားကစားနှင့်ကာယပညာ ဦးစီးဌာနမှ ပုဂ္ဂိုလ်များ၊ သက်ဆိုင်ရာပြည်နယ်၊ ခရိုင်၊ မြို့နယ်နှင့်ကျောင်းအုပ်ကြီးများ၊ နည်းပြဆရာ၊ ဆရာမများ၊ မိဘများကို အထူးပင်ကျေးဇူးတင်ရှိပါကြောင်းပြောကြားသည်။
ယင်းနောက် ပြိုင်ပွဲဝင်အားကစားသမားများက အားကစားသစ္စာအဓိဌာန်ရွတ်ဆိုကြပြီး တောင်ကြီးမြို့ပေါ်ရှိ အခြေခံပညာအထက်တန်းကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများက Fitness Exercise လေ့ကျင့်ခန်းများဖြင့်သရုပ်ပြသကြသည်။
ယင်းနောက် အမျိုးသားဘောလုံးပြိုင်ပွဲ အဖွင့်ပွဲစဥ်တွင် ကလောခရိုင်နှင့် လွိုင်လင်ခရိုင်ယှဥ်ပြိုင် ကစားကြရာ လွိုင်လင်ခရိုင်က လေးဂိုး-ဂိုးမရှိအနိုင်ရရှိသွားပြီး ပြိုင်ပွဲကို စက်တင်ဘာလ (၁၅)ရက်မှ(၁၉) ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်ကြောင်းသိရှိရသည်။
ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် တောင်ကြီးမြို့နယ်၊ ထီဖောင်းကျေးရွာ အုပ်စုရှိ ညိုမီးကွင်းတွင် ဘောလုံး(Academy)ဆောက်လုပ်ရန်အတွက် လျာထားမြေနေရာအား သွားရောက်ကြည့်ရှုရာ တာဝန်ရှိသူများက ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်က လိုအပ် သည်များကို သက်ဆိုင်ရာတာဝန်ရှိသူများအား ဖြည့်စွက်မှာကြားခဲ့ကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး