ကျိုင်းတုံ ဇန်နဝါရီ ၅
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံခရိုင်၊ ကျိုင်းတုံမြို့၊ အ.ထ.က (၄)နှင့် အ.ထ.က(၅)ကျောင်းများ၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုပေးပွဲ အခမ်းအနားများကို ဇန်နဝါရီလ ၅ ရက်နံနက် ၈ နာရီတွင် ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ တြိဂံဒေသတိုင်းစစ်ဌာနချုပ်၊ တိုင်းမှူး ဗိုလ်ချုပ်စိုးလှိုင်နှင့် ဇနီး၊ တပ်မတော်အရာရှိကြီးများနှင့် ဇနီးများ၊ ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းအရှေ့)ဥက္ကဌ ဦးတင်လင်းနှင့် ဇနီး၊ ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းအရှေ့)အဖွဲ့ဝင်များနှင့် ဇနီးများ၊ပြည်နယ်ပညာရေးမှူးရုံး(ရုံးခွဲ)မှ ညွှန်ကြားရေးမှူး ဒေါ်နော်ရုသ်၊ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဌ ဦးနိုးဝေနှင့် ဇနီး၊ အ.ထ.က(၄)နှင့်အ.ထ.က(၅) ကျောင်းအုပ်ဆရာမကြီးများနှင့် ဆရာ/ ဆရာမများ၊ ကျောင်းအကျိုးတော်ဆောင်များ၊ ကျောင်းသားမိဘများ၊ ကျောင်းသား/ကျောင်းသူများ တက်ရောက်ခဲ့ပြီး အခမ်းအနားတွင် နိုင်ငံတော်အလံအား အလေးပြုခြင်း၊ တြိဂံဒေသတိုင်းစစ်ဌာနချုပ်၊ တိုင်းမှူး ဗိုလ်ချုပ်စိုးလှိုင်က အဖွင့်အမှာစကားပြောကြားခြင်း၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ ထူးချွန် ကျောင်းသား/ကျောင်းသူများအား ဂုဏ်ပြုချီးမြှင့်ငွေများ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ပြီးနောက် ကျောင်းသား/ကျောင်းသူများမှ တေးသီချင်းများဖြင့် ကပြဖျော်ဖြေခဲ့ပါကြောင်း သိရှိရသည်၊၊
ရှမ်းပြည်နယ်အစိုးရအဖွဲ့
