
ကျိုင်းတုံ ဩဂုတ်-၁၉
၂၀၂၅ ခုနှစ်၊ အဟာရဖွံ့ဖြိုးရေးရတ္တပတ်များနှင့် ၂၀၂၅ – ၂၀၂၆ ပညာသင်နှစ်၊ ကျောင်းကျန်းမာရေးသီတင်းပတ် ပြည်နယ်အဆင့်အထိမ်းအမှတ်အခမ်းအနားကို ၂၀၂၅ ခုနှစ်၊ သြဂုတ်လ ၁၉ ရက် နံနက် ၉ နာရီက ကျိုင်းတုံခရိုင်၊ ကျိုင်းတုံမြို့၊ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း၊ ရတနာမွန်ခန်းမ၌ ကျင်းပပြုလုပ်သည်။
ပြည်နယ်အစိုရအုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းရှေ့)၊ ဥက္ကဌ၊ ဦးတင်လင်း သည် ပြည်နယ်အစိုရအုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းရှေ့)၊ အဖွဲ့ဝင်များ ပြည်နယ်ခွဲအဆင့်ဌာနဆိုင်ရာများ၊ ရှမ်းပြည်နယ်မိခင်နှင့် ကလးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာဝန်ခံ၊ ခရိုင်/ မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဥက္ကဌများ၊ ပြည်နယ်/ ခရိုင်/ မြို့နယ်ပြည်သူ့ကျန်းမာ ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ ကျိုင်းတုံခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ အဖွဲ့ဝင်များ၊ ခရိုင်အဆင့်ဌာနဆိုင်ရာများ၊ ကျိုင်းတုံမြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း၊ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများမှကိုယ်စားလှယ်များနှင့်အတူတက်ရောက်ခဲ့ပါသည်။ အခမ်းအနားတွင် ပြည်နယ်အစိုရအုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းရှေ့)၊ ဥက္ကဌ၊ ဦးတင်လင်း မှ အဖွင့်အမှာစကားပြောကြားခြင်း၊ အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်များအထိမ်းအမှတ် Video Clip နှင့် ကျောင်းကျန်းမာရေးသီတင်းပတ်အထိမ်းအမှတ် Video Clip အား ကြည့်ရှုခဲ့ပြီးနောက် တာဝန်ရှိသူများက အထိမ်းအမှတ်စာစီစာကုံးနှင့် ပန်းချီပြိုင်ပွဲများတွင် ဆုရရှိသော ကျောင်းသား/ကျောင်းသူများအား ဆုချီးမြှင့်ခြင်း၊ ကိုယ်ဝန်ဆောင်မိခင်များအား ကိုယ်ဝန်ဆောင်အားဆေးများနှင့် အာဟာရဖြစ်စေသော အစားအစာများပေးအပ်ခြင်း၊ အသက်(၅)နှစ်အောက် ကလေးများအား ဗီတာမင်အေ ဆေးလုံးတိုက်ကျွေးခြင်းနှင့် အာဟာရဖြစ် စေသောအစားအစာများ ထောက်ပံ့ပေးခြင်း၊ သူငယ်တန်း ကျောင်းသား/ကျောင်းသူများအား အာဟာရ ကျွေးမွေးခြင်းများနှင့် အထိမ်းအမှတ်ပြခန်းများအား လှည့်လည်ကြည့်ရှုခဲ့ခြင်းများဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်၊၊
ရှမ်းပြည်နယ်အစိုးအဖွဲ့ရုံး