
လွိုင်လင် ဇူလိုင်-၂၃
၂၀၂၅ ခုနှစ်၊ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်ကို ဇူလိုင်လ (၂၃) ရက် နံနက် ၉ နာရီတွင် လွိုင်လင်မြို့၊ Polytechnic university(Panng Long) ၌ ကျင်းပပြုလုပ်ရာ လွိုင်လင်တပ်နယ်မှူး ဗိုလ်မှူးချုပ်သန်းထွန်းအောင်၊ Polytechnic universityမှ ဒုတိယပါမောက္ခချုပ် ဒေါက်တာထွန်းမြင့်နှင့် ဒုတိယပါမောက္ခချုပ် ဒေါက်တာ မြင့်မြင့်ခိုင်၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌဦးကြည်မြင့်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌဦးသိန်းထွဋ်နှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ ခရိုင်/မြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ ခရိုင်/မြို့နယ် အမျိုးသမီးရေးရာအဖွဲ့၊ Polytechnic universityမှ ဆရာ/မများနှင့် ကျောင်းသား/သူ များ တက်ရောက်ခဲ့ပါကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး