
ကျိုင်းတုံ စက်တင်ဘာ-၈
၂၀၂၅ ခုနှစ်၊ နိုင်ငံတကာ စာတတ်မြောက်ရေးနေ့ အခမ်းအနားကို စက်တင်ဘာ (၈)ရက် နံနက် (၁၀) နာရီက ကျိုင်းတုံမြို့၊ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း၊ ရတနာမွန်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ ပြည်နယ်အစိုရအုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းရှေ့)ဥက္ကဌ ဦးတင်လင်း သည် ပြည်နယ်အစိုရအုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းရှေ့)၊ အဖွဲ့ဝင်များ၊ ပြည်နယ်ပညာရေးမှူးရုံး(ရုံးခွဲ)မှ ညွှန်ကြားရေးမှူး ဒေါ်နော်ရုသ်၊ ခရိုင်/မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဌနှင့် အဖွဲ့ဝင်များ၊ ပြည်နယ်/ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ အ.ထ.က(၃) ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူမျာနှင့်အတူ တက်ရောက်ခဲ့ပြီး အခမ်းအနားတွင် ကျောင်းသား/ကျောင်းသူများက ” စာတတ်မြောက်ရေး ဝိုင်းကူပေး” တေးသီချင်းဖြင့် ဂုဏ်ပြုသီဆိုဖွင့်လှစ်ပေးပြီး ပြည်နယ်အစိုရအုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းရှေ့)၊ ဥက္ကဌ၊ ဦးတင်လင်း မှ အဖွင့်အမှာစကားပြောကြားပြီးနောက် စာတတ်မြောက်ရေးလုပ်ငန်း ဆောင်ရွက်မှုများနှင့် ကျောင်းပြင်ပ ပညာရေးကဏ္ဍများအလိုက် ဆောင်ရွက်နေမှုများအား( Video Clip )ဖြင့် ပြသခြင်း၊ ကျောင်းသား/ကျောင်းသူများက “ပညာဘဏ်တိုက်သို့ သွားကြစို့” တေး သီချင်းဖြင့် ဂုဏ်ပြုသီဆိုခဲ့ခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး