ကျိုင်းတုံ ဩဂုတ်-၂၀
၂၀၂၅ ခုနှစ်၊ တိုင်းမှူးဒိုင်း(အမျိုးသား/ အမျိုးသမီး)ဘော်လီဘော်ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်း အခမ်းအနားကို ၂၀၂၅ခုနှစ်၊ ဩဂုတ်လ ၂၀ ရက် ညနေ၃နာရီတွင် ကျိုင်းတုံမြို့၊တြိဂံဒေသတိုင်းစစ်ဌာနချုပ်၊ အားကစားခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
အခမ်းအနားသို့ တြိဂံဒေသတိုင်းစစ်ဌာနချုပ်၊ တိုင်းမှူး ဗိုလ်ချုပ်စိုးလှိုင်နှင့်ဇနီး၊ တြိဂံဒေသတိုင်းစစ်ဌာနချုပ် အရာရှိကြီးများနှင့် ဇနီးများ၊ ပစခဥက္ကဌ ဦးတင်လင်းနှင့် ဇနီး၊ ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းအရှေ့)အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဌများ၊ တပ်မတော်သားများ၊ ရဲမေမိသားစုဝင်များ တက်ရောက်ခဲ့ပါသည်။
အခမ်းအနားတွင် ဘော်လီဘောပြိုင်ပွဲ ယှဥ်ပြိုင်ကစားခဲ့ပြီး‌နောက် ဆုရရှိသည့် အားကစားသမားများနှင့် ဒိုင်အဖွဲ့များအား သက်ဆိုင်ရာတာဝန်ရှိသူများက ဂုဏ်ပြုဆုများ အသီးသီးချီးမြှင့်ပေးအပ်ခဲ့ပါကြောင်း သိရှိရသည်၊၊
ရှမ်းပြည်နယ်အစိုးအဖွဲ့ရုံး