ကလော ဩဂုတ် ၂၃
ရှမ်းပြည်နယ်တောင်ပိုင်း၊ က‌လောခရိုင်၊ ကလောမြို့အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၏ ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်တန်းအောင်မြင်သူများအား ဆုချီးမြှင့်ခြင်း အခမ်းအနားကို ဩဂုတ်လ ၂၃ ရက်နေ့ နံနက် ၉ နာရီအချိန်က အမှတ် (၁ ) အခြေခံပညာအထက်တန်းကျောင်းရှိ တေဇခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာက‌ လောခရိုင်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေး ကော်မတီအဖွဲ့ဝင်များ၊ ခရိုင်၊မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများ၊ ရပ်မိရပ်ဖများ၊ ကျောင်းကော်မတီအဖွဲ့ဝင်များ၊ ကျောင်းအုပ် ဆရာမကြီးနှင့်ဆရာ၊ ဆရာမများ၊ ကျောင်းသားမိဘနှင့်‌ကျောင်းသား၊‌ကျောင်းသူများတက်‌ရောက်ခဲ့ကြသည်။
ရှေးဦးစွာအခမ်းအနားကို ကျောင်းသား၊ကျောင်းသူများက ” ဘက်စုံပညာကိုရည် တို့ လှမ်းချီ “သီးချင်းသီဆို၍ အခမ်းအနား ဖွင့်လှစ်ခဲ့ပြီး ကလောခရိုင်စီမံခန့်ခွဲ‌ရေးနှင့်အုပ်ချုပ်‌ရေးကော်မတီအဖွဲ့ဝင် ဒုတိယဗိုလ်မှူးကြီး မင်းစစ်နိုင် က အဖွင့်အမှာစကား ပြောကြားခဲ့သည်။ ဆက်လက်၍ ၂၀၂၅ခုနှစ်တက္ကသိုလ်ဝင်တန်းတွင် အောင်မြင်ကျသည့်‌ ကျောင်းသား၊ကျောင်းသူ (၅၀)ဦးနှင့် ဂုဏ်ထူးရရှိအောင် သင်ကြားပေးသည့်ဆရာ၊ဆရာမများကို ကလောခရိုင်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်‌ရေးကော်မတီ အဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ဆုများ အသီးသီးပေးအပ်ချီးမြှင့်ပေးခဲ့သည်။ ထို့နောက် ကျောင်းသား၊ ကျောင်းသူများက အကပဒေသာများဖြင့် ကပြဖျော်ဖြေတင်ဆက်ခဲ့ကျပြီး အကအဖွဲ့များအား အခမ်းအနား တက်ရောက်လာကြသူများက ဆုများအသီးသီးပေးအပ်ခဲ့ကြောင်းသိရှိရသည်။
ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ်ပြန်ကြား‌ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးအဆောက်အဦဆောက်လုပ်ရန်အတွက် ကလောမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိနှင့်ဝန်ထမ်းများ၊‌ မောမြေရှမ်းကုမ္ပဏီမှ တာဝန်ရှိသူတို့က သံဃာတော်(၅)ပါးဖြင့် ညနေ ၄ နာရီက အန္တရာယ် ကင်းပရိတ်တရားနှင့် မြေသန့်ပရိတ်ရွတ်ခြင်း ပြုလုပ်ခဲ့‌ကြောင်းသိရသည်။
ရှေးဦးစွာ တရားတော်နာယူကြမည့်သူများက သံဃာတော်များအား ဩကာသဖြင့်ရှိခိုးကန်တော့ခဲ့ကြပြီးဆရာတော်ထံမှ ငါးပါးသီ လခံယူဆောက်တည်ခဲ့ကြသည်။ထို့နောက်‌ ဗောဓိကုန်းကျောင်းစာသင်တိုက် ဆရာတော်က အန္တရာယ်ကင်းပရိတ်တရားတော်များ ရွတ်ဖတ်ခြင်းနှင့်‌မြေသန့်ပရိတ်ရွတ်ခြင်းပြုလုပ်ခဲ့‌ကြောင်းသိရသည်။
ကလောမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးသည် ၂၀၂၄ ခုနှစ်စက်တင်ဘာလ ၁၁ ရက်နေ့တွင် ဖြစ်ပွားခဲ့သည့် ရာဂီမုန်တိုင်းသဘာဝ‌ဘေးကြောင့် ရေကြီးရေလျှံမှုဖြစ်ပွားခဲ့ရာ ရုံးအဆောက်အဦသည် ရေကြီးနှစ်မြုတ်၍ ပြိုကျ ပျက်စီးခဲ့သောကြောင့် ယခုနှစ်တွင်ပြန်လည်တည်ဆောက်ရန် အတွက်မြေသန့်ပရိတ်ရွတ်ခြင်းပြုလုပ်ခဲ့ကြောင်းသိရသည်။
ရှမ်းပြည်နယ်အစိုးအဖွဲ့ရုံး