တောင်ကြီး ဇွန်-၁၂
၂၀၂၅ခုနှစ် တိုင်းဒေသကြီးနှင့်ပြည်နယ် အမျိုးသား၊ အမျိုးမီးဘော်လီဘော ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲကို ဇွန်လ(၁၂)ရက်နံနက်(၈)နာရီက တောင်ကြီးမြို့ ပြည်နယ်အားကစားလေ့ကျင့်ရုံ၌ ကျင်းပလျက်ရှိရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ ပြည်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ တောင်ကြီးပညာရေးဒီဂရီကောလိပ်မှ သင်သားတန်း၊ သင်တန်းသူများ၊ သူနာပြုသင်တန်းကျောင်းမှ သင်တန်းသူများ၊ အားကာသိပ္ပံ(တောင်ကြီး)မှ ကျောင်းသား၊ ကျောင်းသူများ၊ ဒေသခံပြည်သူများ၊ အားကစားဝါသနာရှင်များ ကြည့်ရှုအားပေးကြသည်။
ဗိုလ်လုပွဲပထမပွဲစဥ်အဖြစ် အမျိုးသမီး မန္တလေးတိုင်းဒေသကြီးအသင်းနှင့် ရန်ကုန်တိုင်းဒေသကြီးအသင်းတို့ ယှဥ်ပြိုင်ကစားကြရာ မန္တလေးတိုင်းဒေသကြီးအသင်းက သုံးပွဲနှစ်ပွဲဖြင့်လည်းကောင်း၊ အမျိုးသားဗိုလ်လုပွဲစဥ်တွင် ရှမ်းပြည်နယ်အသင်းနှင့် မန္တလေးတိုင်းဒေသကြီးအသင်းတို့ ယှဥ်ပြိုင်ကစားကြရာ ရှမ်းပြည်နယ်အသင်းက သုံးပွဲပြတ်ဖြင့်လည်းကောင်း အနိုင်ရရှိသွားကြောင်း သိရသည်။
ထို့နောက်ဆုချီးမြှင့်ပွဲကျင်းပရာ အမျိုးသမီးဘော်လီဘော အကောင်းဆုံး အားကစားသမားဆုရရှိသူများကို ဆုချီးမြှင့်ရာ အကောင်းဆုံးစပေးဘောဆုရ မန္တလေးတိုင်းဒေသကြီးအသင်းမှ ဆုရှိသူအားကစားသမား၊ အကောင်းဆုံးပင့်ထောင်ဆုရ ရန်ကုန်တိုင်းဒေသကြီးအသင်းမှ ဆုရရှိသူအားကစားသမား၊ အကောင်းဆုံးရိုက်ခုတ်ဆုရ ကချင်ပြည်နယ်အသင်းမှ အားကစားသမား၊ အကောင်းဆုံးပိတ်ဆို့ဆုရ ရှမ်းပြည်နယ်အသင်းမှ ဆုရရှိသူအားကစားသမားများအား မြန်မာနိုင်ငံဘော်လီဘောအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌကလည်းကောင်း၊ အကောင်းဆုံးဆယ်မဆု ရရှိသောရန်ကုန်တိုင်းဒေသကြီးအသင်းမှ ဆုရှိသူအားကစားသမား၊ ပွဲစဥ်တစ်လျှောက် အကောင်းဆုံးအားကစားသမားဆုရရှိသူ မန္တလေးတိုင်းဒေသကြီးအသင်းမှ ဆုရရှိသူအားကစားသမားများအား မြန်မာနိုင်ငံဘော်လီဘောအဖွဲ့ချုပ် ဥက္ကဋ္ဌကလည်းကောင်း ဆုတံဆိပ်နှင့်ငွေသားဆုကို အသီးသီးချီးမြှင့်ပေးကြသည်။
၎င်းနောက် အမျိုးသားဘော်လီဘောပြိုင်ပွဲတွင် အကောင်းဆုံးအားကစားသမား ဆုရရှိသူများအားဆုချီးမြှင့်ရာ အကောင်းဆုံးစပေးဘောဆုရသော မန္တလေးတိုင်းဒေသကြီးအသင်းမှ ဆုရရှိသူအားကစားသမားနှင့် ပင့်ထောင်ဆုရ ရှမ်းပြည်နယ်အသင်းမှ ဆုရရှိသူအားကစားသမား၊ ရိုက်ခုတ်ဆုရ စစ်ကိုင်းဒေသကြီးအသင်းမှ ဆုရရှိသူအားကစားသမား၊ ပိတ်ဆို့ဆုရရှမ်းပြည်နယ်အသင်းမှ ဆုရရှိသူအားကစားသမားများအား ဆုတံဆိပ်ငွေသားဆုကို မြန်မာနိုင်ငံဘော်လီဘောအဖွဲချုပ် ဥက္ကဋ္ဌကလည်းကောင်း၊ အကောင်းဆုံးဆယ်မဆု ရရှိသောကယားပြည်နယ်အသင်းမှ ဆုရရှိသူအားကစားသမားနှင့် ပွဲစဥ်တစ်လျှောက် အကောင်းဆုံးအားကစားသမားဆုရရှိသူ ရှမ်းပြည်နယ်အသင်းမှ အားကစားသများအား ဆုတံဆိပ်နှင့်ငွေသားဆုကို ရှမ်းပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးချုပ်တို့က အသီးသီးဆုများ ချီးမြှင့်ပေးကြသည်။
ယင်းနောက် အမျိုးသမီးဘော်လီဘောပြိုင်ပွဲတွင် ပူးတွဲတတိယဆုရရှိသော ကချင်ပြည်နယ်အသင်းနှင့် ရှမ်းပြည်နယ်အသင်းမှ အားကစားသမားများအား တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားဆုကို ပြည်နယ်ဥပဒေချုပ်နှင့် ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီးတို့က လည်းကောင်း၊ အမျိုးသားဘော်လီဘောပြိုင်ပွဲတွင် ပူးတွဲတတိယဆုရရှိသော စစ်ကိုင်းတိုင်းဒေသကြီးအသင်းနှင့် ရန်ကုန်တိုင်းဒေသကြီးအသင်းမှ အားကစားသမားများအား တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားဆုကို ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီးနှင့် ပြည်နယ်လူမှုရေးရာဝန်ကြီးတို့က လည်းကောင်း၊ အမျိုးသမီးဘော်လီဘော ဒုတိယဆုရ ရန်ကုန်တိုင်းဒေသကြီးအသင်းအား တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားဆုကို ပြည်နယ်သယံဇတရေးရာဝန်ကြီးက လည်းကောင်း၊ အမျိုးသားဘော်လီဘော ဒုတိယဆုရ မန္တလေးတိုင်းဒေသကြီးအသင်းအား တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားဆုကို ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်ကလည်းကောင်း၊ အမျိုးသမီးဘော်လီဘော ပထမဆုရ မန္တလေးတိုင်းဒေသကြီးအသင်းအား တစ်ဦးချင်းဆုတံဆိပ်၊ ငွေသားဆု၊ ပထမဆုဖလားတို့ကို ရှမ်းပြည်နယ်အမျိုးသမီးရေးရာအဖွဲ့ နာယကမှလည်းကောင်း၊ အမျိုးသားဘော်လီဘောပထမဆုရ ရှမ်းပြည်နယ်အသင်းအား တစ်ဦးချင်းဆုတံဆိပ်၊ ငွေသားဆု၊ ပထမဖလားဆုတို့ကို ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်ကလည်းကောင်း အသီးသီးဆုများ ချီးမြှင့်ပေးကြကြောင်း သိရသည်။
ထိုနောက် အမျိုးသားဘော်လီဘောပြိုင်ပွဲတွင် ပထမဆုရရှိသော ရှမ်းပြည်နယ်အမျိုးသားအသင်းအား ရှမ်းပြည်နယ်အစိုးရအဖွဲ့က ငွေကျပ်သိန်း(၅၀) ပူးတွဲတတိယဆုရ အမျိုးသမီးအသင်းအား ငွေကျပ်သိန်း(၃၀)တို့ကို ပြည်နယ်ဝန်ကြီးချုပ်ကပေးအပ်ရာ အသင်းအုပ်ချုပ်သူနည်းပြများမှ လက်ခံရယူကြပြီး ပြည်နယ်သယံဇတရေးရာဝန်ကြီး၊ ပြည်နယ်လူမှုရေးရာဝန်ကြီး၊ ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီး၊ ပြည်နယ်သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူး၊ ရှမ်းပြည်နယ်ဘော်လီဘောဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌတို့မှ ငွေကျပ်(၁၀)သိန်းစီနှင့် ပြည်နယ်ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှ ငွေကျပ်(၅)သိန်း၊ ရှမ်းပြည်နယ်ရဲတပ်ဖွဲ့ရဲမှူးရဲမှူးချုပ်မှ ငွေကျပ်(၅)သိန်း၊ ပြည်နယ်မီးသတ်တပ်ဖွဲ့မှ ငွေကျပ်(၃)သိန်း၊ မြန်မာနိုင်ငံဘော်လီဘောအဖွဲ့ချုပ်ဥက္ကဋ္ဌမှ ငွေကျပ်(၁၀)သိန်း၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများမှ ငွေကျပ်(၃)သိန်း(၄)သောင်း ထပ်ဆင့်ချီးမြှင့်ပေးကြကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး