တောင်ကြီး ဇွန်-၁၁
၂၀၂၅ခုနှစ် တိုင်းဒေသကြီးနှင့်ပြည်နယ် အမျိုးသမီးဘော်လီဘော ဆီမီးဖိုင်နယ်ပွဲစဥ်ကို ဇွန်လ(၁၁)ရက်နံနက်(၈)နာရီက တောင်ကြီးမြို့၊ ပြည်နယ်အားကစားလေ့ကျင့်ရုံ၌ ကျင်းပလျက်ရှိရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ တောင်ကြီးပညာရေးဒီဂရီကောလိပ်မှ သင်သားတန်း၊ သင်တန်းသူများ၊ သူနာပြုသင်တန်းကျောင်းမှ သင်တန်းသူများ၊ အားကာသိပ္ပံ(တောင်ကြီး)မှ ကျောင်းသား၊ ကျောင်းသူများ၊ ဒေသခံပြည်သူများ၊ အားကစားဝါသနာရှင်များ ကြည့်ရှုအားပေးကြသည်။
ဆီမီးဖိုင်နယ်ပထမပွဲစဥ်အဖြစ် အမျိုးသမီးရှမ်းပြည်နယ်အသင်းနှင့် မန္တလေးတိုင်းဒေသကြီးအသင်းတို့ ယှဥ်ပြိုင်ကစားကြရာ မန္တလေးတိုင်းဒေသကြီးအသင်းက သုံးပွဲတစ်ဖြင့်လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီးအသင်းနှင့် ကချင်ပြည်နယ်အသင်းတို့ ယှဥ်ပြိုင်ကစားကြရာ ရန်ကုန်တိုင်းဒေသကြီးအသင်းက သုံးပွဲတ၀်ပွဲဖြင့်လည်းကောင်း အနိုင်ရရှိသွားကြောင်းသိရသည်။
ထို့နောက် အမျိုးသားဆီမီးဖိုင်နယ်ပွဲစဥ်တွင် မန္တလေးတိုင်းဒေသကြီးအသင်းနှင့် ရန်ကုန်တိုင်းဒေသကြီးအသင်းတို့ ယှဥ်ပြိုင်ကစားရာ မန္တလေးတိုင်းဒေသကြီးအသင်းက သုံးပွဲတစ်ပွဲဖြစ်လည်းကောင်း၊ ရှမ်းပြည်နယ်အသင်းနှင့် စစ်ကိုင်းတိုင်းဒေသကြီးအသင်းတို့ ယှဥ်ပြိုင်ကစားကြရာ ရှမ်းပြည်နယ်အသင်းက သုံးပွဲတစ်ပွဲဖြင့် အနိုင်ရရှိကြောင်းသိရသည်။
အဆိုပါ၂၀၂၅ခုနှစ် တိုင်းဒေသကြီးနှင့်ပြည်နယ် အမျိုးသား၊ အမျိုးသမီးဘော်လီဘောပြိုင်ပွဲတွင် ဗိုလ်လုပွဲကိုဇွန်လ(၁၂)ရက်နေ့၌ အမျိုးသမီးပွဲစဥ်အဖြစ် မန္တလေးတိုင်းဒေသကြီးအသင်းနှင့် ရန်ကုန်တိုင်းဒေသကြီးအသင်း၊ အမျိုးသားပွဲစဥ်တွင် ရှမ်းပြည်နယ်အသင်းနှင့် မန္တလေးတိုင်းဒေသကြီးအသင်း ယှဥ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး