
တောင်ကြီး ဇွန်-၂၈
၂၀၂၅ခုနှစ် ရှမ်းပြည်နယ်အစိုးရအဖွဲ့ပြည်နယ်ဝန်ကြီးချူပ်ဖလားမြို့နယ်အလိုက်အမျိုးသား၊အမျိုး သမီးပိုက်ကျော်ခြင်းပြိုင်ပွဲဖွင့်ပွဲနှင့်၂၀၂၅ခုနှစ်တိုင်းဒေသကြီးနှင့်ပြည်နယ်အသက်(၁၈)နှစ်အောက်ပြေးခုန်ပစ်ပြိုင်ပွဲကို ရှမ်းပြည်နယ်ကိုယ်စားပြုဝင် ရောက်ယှဥ်ပြိုင်ကြမည့်ပြေးခုန်ပစ်လက်ရွေးစင်အသင်းအား အောင်နိုင်ရေးအလံပေးအပ်ခြင်းကို ဇွန်(၂၈) ရက်နံနက်(၁၀)နာရီအချိန်တွင် တောင်ကြီးမြို့ ပြည်နယ်လေ့ကျင့်ရေးအားကစားရုံ၌ ကျင်းပ သည်။
ပြိုင်ပွဲဖွင့်ပွဲတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ဦးတည်ချက်(၉)ရပ်အနက် လူမှုရေးဦးတည်ချက်တွင်ပါဝင်သော တစ်မျိုးသားလုံး သက်ရှည်ကျန်းမာကြံ့ခိုင်ရေးအတွက် ပြည်သူအားလုံးအကျုံးဝင်မည့် ကျန်းမာရေးကဏ္ဍနှင့် အားကစားကဏ္ဍမြှင့်တင်ဆောင်ရွက်ရေးဟူသော ဦးတည်ချက်ကို အကောင်အထည် ဖော်ဆောင်ရွက်သည့်အနေဖြင့် လူငယ်လူရွယ်များ အားကစားကိုချစ်မြတ်နိုးပြီး အားကစားစိတ် ဓါတ်ရင့်သန်စေရန်၊ နိုင်ငံတော်နှင့်ပြည်နယ်အတွက် မျိုးဆက်သစ်အားသစားသမားများပေါ်ထွက်လာစေရေး ယခုလိုပြိုင်ပွဲများ ကျင်းပပြုလုပ်ပေးရခြင်းဖြစ်ပါကြောင်း၊ ၂၀၂၅ခုနှစ် တိုင်းဒေသကြီးနှင့်ပြည်နယ် အသက်(၁၈)နှစ်အောက်ပြေးခုန်ပစ်ပြိုင်ပွဲကို ရှမ်းပြည်နယ်ကိုယ်စားပြု ဝင်ရောက်ယှဥ်ပြိုင်ကြမည့် ပြေးခုန်ပစ်အသင်းကို ယခုလို အောင်နိုင်ရေးအလံပေးအပ်ရခြင်းသည် ပြည်နယ်အတွင်း မှီတင်းနေထိုင်ကြသည့် တိုင်းရင်းသားမိဘပြည်သူအားလုံး၏ကိုယ်စား ရှမ်းပြည်နယ်ဂုဏ်ကိုမြှင့်တင်ပေးနိုင်ရန် ယုံကြည်စွာ တာဝန်ပေးအပ်လိုက်ခြင်းဖြစ်ပါကြောင်း၊ပြိုင် ပွဲကို ဝင်ရောက်ယှဥ်ပြိုင်ကြမည့် အုပ်ချုပ်သူ နည်းပြနှင့်အားကစားသမားတစ်ဦးချင်းဆီက ပေးအပ်သည့် တာဝန်များကိုကျေပွန်အောင်ဆောင်ရွက်မည် ဟု အောင်နိုင်စိတ်ထားပြီး အစွမ်းကုန်ကြိုးစားယှဥ် ပြိုင်၍ ရှမ်းပြည်နယ်ဂုဏ်ဆောင်ခဲ့ကြရန် တိုက်တွန်းပြောကြားသည်။ထို့နောက် ပြိုင်ပွဲဝင်အသင်းများမှ အားကစားသမားများက အားကစားသစ္စာအဓိဌာန်ရွတ်ဆိုပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် မြို့နယ်အလိုက် ပိုက်ကျော်ခြင်းပြိုင်ပွဲဝင်အသင်းများနှင့် ရှမ်းပြည်နယ်လက်ရွေးစင် ပြေးခုန်ပစ်အားကစားသမားများအား လိုက်လံနှုတ်ဆက်အားပေးစကားပြောကြားပြီး ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်အောင်က ရှမ်းပြည်နယ်ပြေးခုန်ပစ် လက်ရွေးစင်အသင်းအား အောင်နိုင်ရေးအလံနှင့် ချီးမြှင့်ငွေများပေးအပ်ရာ အုပ်ချုပ်သူနည်းပြနှင့်အားကစားသမားများမှ လက်ခံရယူခဲ့သည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်က အမှတ် (၃) အခြေခံပညာအထက်တန်းကျောင်းမှ ဘင်ခရာတပ်ဖွဲ့ကို ဂုဏ်ပြုချီးမြှင့်ငွေပေးအပ်ခဲ့ကြောင်းသိရသည်။
ယင်းနောက် ပိုက်ကျော်ခြင်းပြိုင်ပွဲအဖွင့် ပွဲစဥ်အဖြစ် တောင်ကြီးမြို့နယ်အသင်းနှင့် တာချီလိတ်မြို့နယ်အသင်းတို့ ယှဥ်ပြိုင်ကစားနေမှုကို ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်နှင့် တာဝန်ရှိသူများ၊ တောင်ကြီးပညာရေးဒီဂရီကောလိပ်မှ သင်တန်းသား၊ သင်တန်းသူများ၊ သူနာပြုနှင့်သားဖွားသင်တန်းကျောင်းများမှ သင်တန်းသား၊ သင်တန်းသူများ၊ အားကစားဝါသနာရှင်များက ကြည့်ရှုအားပေးကြပြီး ပြိုင်ပွဲတွင် တောင်ကြီးမြို့နယ်အသင် က နှစ်ပွဲတစ်ပွဲဖြင့် အနိုင်ရရှိသွားကြောင်းသိရသည်။
အဆိုပါ ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဖလားမြို့နယ်အလိုက် အမျိုးသား၊ အမျိုးသမီးပိုက်ကျော်ခြင်း ပြိုင်ပွဲကိုဇွန်လ(၂၈)ရက်မှ (၃၀)ရက်အထိယှဥ်ပြိုင်သွားမည်ဖြစ်ပြီး ပြိုင်ပွဲဝင်အမျိုးသား(၂၃)သင်း၊ အမျိုးသမီး(၉)သင်း စုစုပေါင်း(၃၂)သင်း ပါဝင်ယှဥ် ပြိုင်လျက်ရှိကြောင်းသိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး