
တောင်ကြီး ဇွန်-၃၀
၂၀၂၅ခုနှစ်၊ မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ် အခြေခံပညာကျောင်းပေါင်းစုံ အေရိုးဗစ်ပြိုင်ပွဲနှင့်ဆုချီးမြှင့်ပွဲကို ဇွန်(၃၀)ရက်နံနက်(၉)နာရီအချိန်တွင် တောင်ကြီးမြို့၊ ပြည်နယ်အားကစားလေ့ကျင့်ရုံ၌ ကျင်းပသည်။
ဦးစွာ အခြေခံပညာကျောင်းပေါင်းစုံအေးရိိုးဗစ် ပြိုင်ပွဲ(၂၂)သင်းတို့မှ စုပေါင်းသရုပ်ပြ ကပြကြပြီး ဗိုလ်လုပွဲသို့ တက်ရောက်လာကြသည့် အသင်း(၆)သင်း ယှဥ်ပြိုင်နေမှုကို ရှမ်းပြည်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်၊ ရှမ်းပြည်နယ်အမျိုးသမီးကော်မတီ နာယက ပြည်နယ်ဝန်ကြီးချုပ်၏ဇနီး ဒေါ်ညိုမီစောနှင့် အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ် ဥပဒေချုပ်၊ ပြည်နယ်၊ ခရိုင်၊မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ အခြေခံပညာအထက်တန်းကျောင်းများမှ ဆရာမများ၊ ကျောင်းသူများ၊ အေရိုးဗစ်ဝါသနာရှင်များ တက်ရောက်ကြည့်ရှု အားပေးကြသည်။
ဆက်လက်၍ အခြေခံပညာကျောင်းပေါင်းစုံ အေရိုးဗစ်ပြိုင်ပွဲတွင် ဆုရရှိသည့် အသင်းများအားဆုချီးမြှင့်ပွဲကျင်းပရာ ဂုဏ်ပြုဆုရရှိသည့် ကျောင်းများအား တက္ကသိုလ်များမှ ပါမောက္ခချုပ်များ၊ ရှမ်းပြည်နယ်ရဲတပ်ဖွဲ့မှူး၏ဇနီး၊ ပြည်နယ်ဥပဒေချုပ်နှင့် ပြည်နယ်ဝန်ကြီးများက လည်းကောင်း၊ နှစ်သိမ့်ဆုရရှိသည့်ကျောင်းအား ပြည်နယ်စီးပွားရေးရာဝန်ကြီး၊ ရှမ်းပြည်နယ်အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဋ္ဌ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၏ဇနီးနှင့် ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး၏ဇနီးတို့က လည်းကောင်း၊ တတိယဆုရရှိသည့် အခြေခံပညာအထက် တန်းကျောင်း(ခွဲ) နားဘောင်အသင်းအား တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားဆုကို ပြည်နယ်တရားလွှတ် တော်တရားသူကြီးချုပ်၏ဇနီးက လည်းကောင်း၊ ဒုတိယဆုရရှိသည့် အမှတ်(၅) အခြေခံပညာအထက်တန်းကျောင်းအသင်းအား တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားဆုကို ပြည်နယ်ဝန်ကြီးချုပ်၏ဇနီး ရှမ်းပြည်နယ်အမျိုးသမီးကော်မတီ နာယက ဒေါ်ညိုမီစောက လည်းကောင်း ပေးအပ်ချီးမြှင့်သည်။
ယင်းနောက် ပြည်ဝန်ကြီးချုပ် ဦးအောင်အောင်က ပထမဆုရရှိသည့် အခြေခံပညာအထက်တန်းကျောင်း – ပန်သခွားအသင်းအား တစ်ဦးချင်းဆုတံဆိပ်၊ ငွေသားဆုနှင့် ပထမဆုဖလားတို့ကို ပေးအပ်ချီးမြှင့်ပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် အခြေခံ ပညာကျောင်းပေါင်းစုံတို့မှ ပြိုင်ပွဲဝင်အေးရိုးဗစ် အသင်းများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက် အားပေးခဲ့ကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပြည်နယ်အစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် သက်ဆိုင်ရာဌာနများနှင့် လုပ်ငန်းရှင်များပူးပေါင်း၍ နိုင်ငံဝန်ထမ်းအငြိမ်းစား၊ ပင်စင်စားများ သက်သာချောင်ချိရေးအတွက် ဆန်၊ ဆီနှင့် ကြက်ဥများ ရောင်းချပေးနေမှူကို ကြည့်ရှုအားပေးပြီး လိုအပ်သည်များ မှာကြားခဲ့ကြောင်းသိရှိသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး