
မိုင်းပန် နိုဝင်ဘာလ ၂ ရက်
မိုင်းပန်မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ ဦးဟန်ဇော်မြင့်သည် မိုင်းပန်မြို့၊ အနောက်ရပ်ကွက်ရှိ စဝ်ကောလီခန်းမ၌ နိုဝင်ဘာလ၂ရက် ညနေ(၄)နာရီတွင် ကျင်းပပြုလုပ်သည့် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ လူရည်ချွန်နှင့်တက္ကသိုလ်ဝင် တန်းအောင်မြင်ခဲ့သော ကျောင်းသား/သူများအား ဂုဏ်ပြုချီးမြှင့်ခြင်းအခမ်းအနားသို့ မြို့နယ်စီမံ ခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ကျောင်းအုပ်ဆရာ/ ဆရာမကြီးများ၊ ကျောင်းသားမိဘများနှင့်အတူ တက်ရောက်၍ အဖွင့်အမှာစကားပြောကြားခြင်းနှင့် ဂုဏ်ပြုဆုချီးမြှင့်ခြင်းများဆောင်ရွက်ခဲ့ပါကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး