မောက်မယ် ဩဂုတ် ၂၇
မောက်မယ်မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ၊ဥက္ကဋ္ဌ ( မြို့နယ်အုပ်ချုပ်ရေးမှူး ) ဦးမင်းသက်နိုင်သည် ကုန်းလမ်းရပ်ကွက်ရှိ အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပပြုလုပ်သည့် ဩဂုတ် ၂၇ ရက် နံနက် ၉ နာရီ၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ ထူးချွန် ကျောင်းသား/ကျောင်းသူများဆုချီးမြှင့်ပွဲအခမ်းအနားသို့ တက်ရောက်၍ လူရည်ချွန်ဆုရ ကျောင်းသား/ ကျောင်းသူများအားဆုများချီးမြှင့်ပေးအပ်ခဲ့ပြီး အစီအစဉ်အတိုင်းကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ ၊ ဆရာ/ဆရာမ များ၊ ဆုရကျောင်းသား/ကျောင်းသူများ နှင့်ကျောင်းသားမိဘများ စုစုပေါင်း (၁၅၀)ဦးခန့်တက်ရောက်ခဲ့ပါကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး