ပင်းတယ ဖေဖော်ဝါရီ ၁၄
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်းရှိ ၂၀၂၄ခုနှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုကြ မည့်ကျောင်းသား/ကျောင်းသူများအောင်ချက်မြင့်မားရေးအတွက် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဆင့် အောင်ချက် မြင့်မားရေးကြီးကြပ်မှုကော်မတီအစည်းအဝေးကို ဖေဖော်ဝါရီလ၁၄ရက်နံနက် ၁၀ နာရီက ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသစီမံအုပ် ချုပ်ရေးအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ(၁)၌ ကျင်းပခဲ့ရာ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌနှင့် ဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဆင့် အောင်ချက်မြင့်မားရေးကြီးကြပ်မှုကော်မ တီဝင်များ၊ ပင်းတယမြို့နယ်နှင့် ရွာငံမြို့နယ်တို့မှ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌများနှင့် မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဝင်များတက်ရောက်ခဲ့ကြကြောင်း သိရသည်။
အဆိုပါအစည်းအဝေးတွင် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌဦးအာကာလင်းက ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်းရှိ အ.ထ.ကကျောင်းများတွင် Grade-12 သင်ကြားသည့် ဆရာ/ဆရာမများ အနေဖြင့် ကျောင်းသား/ကျောင်းသူများအား Grade-12ဘာသာရပ်တွဲအလိုက် အောင်မြင်စွာဖြေဆိုနိုင်ရေးအတွက် ကျောင်းသား/ကျောင်းသူများ၏ လစဉ်အရည်အချင်းစစ်ဆေးထားသည့် စာမေးပွဲများမှ ရမှတ်စရင်းများအရ အား နည်းနေသည့် ဘာသာရပ်များကိုအလေးထားသင်ကြားပေးနိုင်ရေးအတွက် ကျောင်းအုပ်ကြီးများမှ ကြီးကြပ်ဆောင် ရွက်ပေးစေလိုကြောင်း၊ ဖြေဆိုမည့်ကျောင်းသား/ကျောင်းသူများ၏ ကျန်းမာရေးဂရုပြုနိုင်ရေးအတွက် မိဘအုပ်ထိန်း သူများအား သက်ဆိုင်ရာကျောင်းအုပ်ကြီးများမှ တွေ့ဆုံပြောကြားစေလိုကြောင်း၊ မြို့နယ်အုပ်ချုပ်ရေးမှူးများက လည်း တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုနေသည့် ကာလအတွင်း အုပ်ချုပ်ရေးကိစ္စရပ်များနှင့် စာမေးပွဲဖြေဆိုစဉ် ကျောင်းသား/ကျောင်းသူများအား အနှောက်အယှက်ဖြစ်စေနိုင်သည့်ကိစ္စရပ်များပြုလုပ်ခြင်းမရှိစေရန် ကြီးကြပ်ဆောင်ရွက်ရန်လိုအပ်ပါကြောင်း၊ ကျန်းမာရေးဌာနမှ တက္ကသိုလ်စာမေးပွဲဖြေဆိုနေ သည့်ကာလအတွင်း ကျောင်းသား/ကျောင်းသူများ၏ ကျန်းမာရေးစောင့်ရှောက်မှုများဆောင်ရွက်ပေးရမည်ဖြစ်ပြီး မေးခွန်းလွှာများစနစ်တကျ ထုတ်ယူနိုင်ရေးနှင့် မေးခွန်းထုတ်ယူမည့်အဖွဲ့၏ လုံခြုံရေးကိစ္စရပ်များကို မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးတို့က ပူးပေါင်း၍ လုံခြုံရေးစီမံချက်များရေးဆွဲပြီး စနစ်တကျဆောင်ရွက် သွားကြရန်နှင့် ရာနှုန်းပြည့်အောင်ချက်မြင့်မားရေးအတွက် ဒေသပညာရေးမှူး၊ မြို့နယ်ပညာရေးမှူးများ၊ သက်ဆိုင်ရာကျောင်းအုပ်ကြီးများနှင့် ဘာသာရပ်အလိုက်သင်ကြားပေးမည့် ဆရာ/ဆရာမများမှ လိုအပ်ချက်များကို သီးခြားတင်ပြစေ၍ ဖြည့်ဆည်းဆောင်ရွက်ပေးရမည့် ကိစ္စရပ်များရှိပါကတတ်အားသ၍ ဖြည့်ဆည်းဆောင်ရွက်ပေး သွားမည်ဖြစ်ပါကြောင်း ပြောကြားသည်။
ထို့နောက် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအောင်ချက်မြင့်မားရေးကြီးကြပ်မှုကော်မတီအတွင်းရေးမှူးက ၂၀၂၄ခုနှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုကြမည့်ကျောင်းသား/ကျောင်းသူများအောင်ချက်မြင့်မားရေးအတွက် ဆောင်ရွက်ထားရှိမှုအခြေအနေများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ပြီး ပင်းတယမြို့နယ်နှင့်ရွာငံမြို့နယ်တို့မှ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များက တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုနေစဉ်ကာလအတွင်း လိုအပ်သည့်ကစ္စရပ်များနှင့် ပတ်သက်၍ ဆွေးနွေးတင်ပြကြသည်။ ယင်းနောက် အစည်းအဝေးသို့တက်ရောက်လာကြသူများက တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုကြမည့်ကျောင်းသား/ကျောင်းသူများအောင်ချက်မြင့်မားရေးအတွက် အထွေထွေ ဆွေးနွေးတင်ပြခဲ့ကြပြီး ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌဦးအာကာလင်းက လိုအပ်သည် များကို သက်ဆိုင်ရာဌာနတာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်းရှိ ပင်းတယမြို့နယ်နှင့်ရွာငံမြို့နယ်တို့တွင် အခြေခံပညာအထက်တန်း ကျောင်းပေါင်း (၃၉)ကျောင်းမှ ၂၀၂၄ခုနှစ်တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုမည့် ကျောင်းသား/ကျောင်းသူ (၇၄၀)ဦး ရှိပြီး စာစစ်ဌာန (၈)ဌာနဖွင့်လှစ်၍ ၂၀၂၄ခုနှစ်တက္ကသိုလ်ဝင်တန်းစာမေးပွဲအား အောင်မြင်စွာကျင်းပ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး