ကျိုင်းတုံ စက်တင်ဘာ-၁၃
(၁၃)ကြိမ်မြောက် မြန်မာနိုင်ငံလူကုန်ကူးမှုတိုက်ဖျက်ရေးနေ့ အသိပညာပေး Bill Board စိုက်ထူးခြင်းအခမ်းအနားကို စက်တင်ဘာလ ၁၃ ရက် နံနက် ၉နာရီတွင် ကျိုင်းတုံခရိုင်၊ ကျိုင်းတုံမြို့၊ မြို့တော်ခန်းမ‌ရှေ့၌ ၁၃.၉.၂၀၂၅ ရက်နေ့တွင် ကျရောက်သည့် ၎င်းအခမ်းအနားသို့ တြိဂံဒေသတိုင်းစစ်ဌာနချုပ်၊ အမှတ်(၁၁) တပ်မတော်တန်းမြင့်‌လေ့ကျင့်ရေးကျောင်း၊ ကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ်မျိုးဆက်အောင်၊ ပြည်နယ်အစိုရအုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းရှေ့)ဥက္ကဌ ဦးတင်လင်းနှင့်အဖွဲ့ဝင်များ၊ တြိဂံဒေသတိုင်းစစ်ဌာနချုပ်မှ အရာရှိကြီးများနှင့် တာဝန်ရှိသူများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ ကျိုင်းတုံခရိုင်စီမံခန့်ခွဲ‌ရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဌ ဦးနိုးဝေနှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများ တက်ရောက်ခဲ့ပြီး အခမ်းအနားတွင် ဗိုလ်မှူးချုပ်မျိုးဆက်အောင်၊ပြည်နယ်အစိုရအုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းရှေ့)ဥက္ကဌ ဦးတင်လင်းနှင့် အတွင်းရေးမှူး ရဲမှူးကြီး နေမျိုးထွဋ်တို့က အသိပညာပေး Bill Board အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပါကြောင်း သိရှိရသည်၊၊
ထို့နောက် မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ ပြည်နယ်ကြက်ခြေနီကြီးကြပ်မှုကော်မတီ (ရှမ်းရှေ့) ဦးဆောင်၍ ကျိုင်းတုံခရိုင်၊ ကျိုင်းတုံမြို့၊ အမှတ်(၁)ရပ်ကွက်၊ မြို့နယ်ကြက်ခြေနီအသင်းခွဲရုံး၌ နေ့လည်၁နာရီခွဲတွင် “ကမ္ဘာ့ရှေးဦးပြုစုခြင်းနေ့ အထိမ်းအမှတ် ဂုဏ်ပြုပွဲနှင့် ဆုချီးမြှင့်ပွဲ” အခမ်းအနား ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းရှေ့)ဥက္ကဌ ဦးတင်လင်းနှင့် အဖွဲ့ဝင်-၂ ဦးမင်းညို၊ ကျိုင်းတုံခရိုင်စီမံခန့်ခွဲ‌ရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များ၊ ကျိုင်းတုံမြို့နယ်စီမံခန့်ခွဲ‌ရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဌ ဦး‌စောမင်းသူနှင့် အဖွဲ့ဝင်များ၊ ရှမ်းပြည်နယ်အရှေ့ပိုင်း ပြည်နယ်/ ခရိုင်/ မြို့နယ်ကြက်ခြေနီကြီးကြပ်မှုကော်မတီဥက္ကဌနှင့်အဖွဲ့ဝင်များ၊ ဖိတ်ကြားထားသည့် အလှူရှင်များ တက်ရောက်ခဲ့ပြီး အခမ်းအနားတွင် မြန်မာနိုင်ငံကြက်ခြေနီအသင်းဥက္ကဌ ပါမောက္ခ ဒေါက်တာမျိုးညွန့်မှ ပေးပို့သည့် သဝဏ်လွှာအား ရှမ်းပြည်နယ်အရှေ့ပိုင်းကြက်ခြေနီကြီးကြပ်မှုကော်မတီဥက္ကဌ ဒေါက်တာသိန်းငွေက ဖတ်ကြား၍ ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲရှမ်းရှေ့)ဥက္ကဌ ဦးတင်လင်းက အဖွင့်အမှာစကားပြောကြားပြီး အလှူရှင်များနှင့် မန္တလေးငလျင်ဒဏ်သင့်ပြည်သူများအား သွားရောက်ကူညီခဲ့သည့် ရှမ်းပြည်နယ်အရှေ့ပိုင်း ကြက်ခြေနီစေတနာလုပ်အားရှင်များအား ဂုဏ်ပြုမှတ်တမ်း‌‌များ အသီးသီးပေးအပ်ခဲ့ပြီးနောက် ၂၀၂၅ ခုနှစ်၊ ရှေးဦးပြုစုခြင်းစွမ်းရည်ပြိုင်ပွဲတွင် ဆုရရှိသူများအား ဆုများအသီးသီးချီးမြှင့်ပေးအပ်ခဲ့ပါကြောင်း သိရှိရသည်၊၊
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး