
လားရှိုး ဇွန်-၁၉
လားရှိုးမြို့၊ ပြည်နယ်ဒုတိယအုပ်ချုပ်ရေးမှူးဦးမြင့်သန်းဝင်းသည် ဇွန်လ(၁၉)ရက် နံနက်(၁၁)နာရီ၌ ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းမြောက်) ဧည့်ရိပ်သာဝန်းအတွင်းရှိဝန်ကြီးချုပ်နေအိမ်တွင် ရေတိုင်ကီတပ်ဆင်နေမှုဆောင်ရွက်နေမှုအားသွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်းသိရှိရသည်။
ထို့နောက် နေ့လယ် (၂)နာရီတွင် လားရှိုးမြို့၊ ပြည်နယ်ဒုတိယအထွေထွေအုပ်ချုပ်ရေးဉီးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ပြည်နယ်ဒုတိယအုပ်ချုပ်ရေးမှူးဉီးမြင့်သန်းဝင်းဦးဆောင်၍ ပြည်နယ်ဒု/ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများ ပုံမှန်လုပ်ငန်းညှိနှိုင်းအစည်းအဝေးအမှတ်စဉ် (၇/ ၂၀၂၅) ကျင်းပခဲ့ပါကြောင်းနှင့် အစည်းအဝေးသို့ အင်အား (၄၀) ဉီးတက်ရောက်ခဲ့ပါကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး