
ကလော အောက်တိုဘာ ၁၈
ရှမ်းပြည်နယ်တောင်ပိုင်း၊ကလောမြို့နယ်၊အောင်ပန်းမြို့ရှိ အောင်ပန်းခန်းမ၌ စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊စိုက်ပျိုးရေးဦးစီးဌာနမှကြီးမှူး၍ အောက်တိုဘာလ ၁၈ ရက်နေ့နံနက် ၉ နာရီခွဲက ပြည်ပပို့ကုန်သီးနှံထုတ်ကုန်များတွင် ပိုးသတ်ဆေးဓာတ်ကြွင်းကင်းစင်ရေးနှင့် ပန်းတိုင်အထွက် နှုန်းရရှိရေး နည်းပညာပေးဆွေးနွေးပွဲကျင်းပပြုလုပ်ရာ စိုက်ပျိုးရေးဦးစီးဌာန (ရုံးချုပ်)၊ သီးနှံကာကွယ်ရေးဌာနခွဲမှ ညွှန်ကြားရေးမှူး၊စိုက်ပျိုးရေးဦးစီးဌာန၊ပြည်နယ်ဦးစီးမှူးနှင့်အဖွဲ့ဝင်များ၊ကလောခရိုင်/မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဌ နှင့်အဖွဲ့ဝင်များ၊မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊စိုက်ပျိုးရေးတောင်သူ လယ်သမားများ၊ပိုးသတ်ဆေးရောင်းချသူ လုပ်ငန်းရှင်များ၊ တက်ရောက်ခဲ့ကြသည်။
အခမ်းအနားတွင် ရှမ်းပြည်နယ်၊စိုက်ပျိုး ရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးချိုနိုင်ထွန်း က အဖွင့်အမှာစကားပြောကြားရာတွင်စိုက်ပျိုးရေးထုတ်ကုန်များ ကမ္ဘာ့ဈေးကွက်တွင် ယှဉ်ပြိုင်နိုင်ရေးနှင့် ပြည်တွင်းစားသုံး သူများ အစားအစာ ဘေးကင်းလုံခြုံမှုရှိရေးသည် အရေးကြီးကြောင်း၊ စိုက်ပျိုးသီးနှံများ၏ ပန်းတိုင်အထွက်နှုန်းရရှိရေး ကြိုးပမ်းဆောင်ရွက်ရန်လိုအပ်သကဲ့သို့ ထွက်ရှိလာသော သီးနှံထုတ်ကုန်များတွင် ပိုးသတ်ဆေး ဓာတ်ကြွင်းကင်းစင်ရေးသည်လည်း အရေးကြီးပါကြောင်း၊ ဝန်ထမ်းများ၊ သီးနှံစိုက်တောင်သူများ၊ ပိုးသတ်ဆေးအရောင်းဆိုင်များ၊ ဝယ်ယူကြိတ်ခွဲသိုလှောင်ရောင်းချသူများ၊ စိုက်ပျိုးရေးထွက်ကုန်များကို တင်ပို့ ရောင်းချနေသူများ၊ သက်ဆိုင်ရာဌာနမှ တာဝန်ရှိသူများ အတူတကွ ပူးပေါင်းဆောင်ရွက်ပါက ပိုးသတ်ဆေးဓာတ်ကြွင်းကင်းစင်သော သီးနှံများကို ထုတ်လုပ်နိုင်မည်ဖြစ်ပါကြောင်းပြောကြားခဲ့ပြီး စိုက်ပျိုးရေးဦးစီးဌာန(ရုံးချုပ်)၊သီးနှံကာကွယ်ရေးဌာနခွဲမှ ညွှန်ကြားရေးမှူး ဦးဇော်လင်း က ပြည်ပပို့ကုန်သီးနှံထုတ်ကုန်များတွင် ပိုးသတ်ဆေးဓာတ်ကြွင်းကင်းစင်ရေးနှင့် ပန်းတိုင်အထွက် နှုန်းရရှိရေး နည်းပညာဆွေးနွေးပွဲဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်များရှင်းလင်း ပြောကြားခဲ့သည်။ ထို့နောက် စိုက်ပျိုးရေးဦးစီးဌာန၊ပြည်နယ်ဦးစီးမှူး၊သီးနှံကာကွယ် ရေးဌာနခွဲမှ ညွှန်ကြားရေးမှူးနှင့်ကလောခရိုင်/မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဌနှင့်အဖွဲ့ဝင်များက သင်တန်းသားများကို သင်ထောက်ကူပစ္စည်းများအားပေးအပ်ခဲ့သည်။
ဆက်လက်၍ စိုက်ပျိုးရေးဦးစီးဌာန (ရုံးချုပ်)မှ သက်ဆိုင်ရာ ဘာသာရပ်ဆိုင်ရာပညာရှင်များ က သီးနှံထွက်ကုန်များတွင် ပိုးသတ်ဆေး ဓာတ်ကြွင်း ကင်းစင်ရေးအတွက် ပိုးသတ်ဆေး သုံးစွဲရာ တွင်စနစ်တကျသုံးစွဲရေး၊ ပိုးသတ်ဆေးသုံးစွဲရာတွင်စနစ်တကျသုံးစွဲရေးနှင့် ဘက်စုံ သီးနှံကာ ကွယ်ရေးနည်းစနစ်များအား ကျင့်သုံးဆောင်ရွက်နိုင်ရေး၊ ပန်းတိုင်အထွက်နှုန်းရရှိစေရေးအတွက် မျိုးကောင်းမျိုးသန့်များ အသုံးပြုရေး၊ မြေဆီလွှာအဟာရဓာတ်များ ဖြည့်သွင်းပေးရေး၊ သဘာဝ မြေဩဇာ နှင့် သစ်စိမ်းမြေဩဇာများထည့်သွင်းအသုံးပြုရေး၊ ဓာတ်မြေဩဇာ စနစ်တကျ အချိန်ကိုက် အချိုးကျ သုံးစွဲရေးအကြောင်းများကို ပညာပေးဆွေးနွေးခဲ့ကြပြီး တက်ရောက်လာသူများက သိရှိလိုသည့် မေးမြန်းချက်များကို တာဝန်ရှိသူများက သက်ဆိုင်ရာ ကဏ္ဍအလိုက်ပြန် လည်ဖြေကြား ပြီးအသိပညာပေး စာအုပ်၊ စာစောင်များအခမဲ့ဖြန့်ဝေပေးခဲ့ကြောင်းသိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့