ကလော ဩဂုတ် ၂၈
ရှမ်းပြည်နယ်တောင်ပိုင်း၊ကလောမြို့နယ်၊‌ အောင်ပန်းမြို့၊ရွာငံစုရပ်ကွက်ရှိပြင်သာဘုန်း‌တော်ကြီးကျောင်းတွင် ဩဂုတ်လ ၂၇ ရက်နေ့မွန်းလွှဲ ၁ နာရီက ပြည်သူ့စစ်မှုထမ်းဥပဒေအကြောင်းအား ပြည်သူများကျယ်ကျယ်ပြန့်ပြန့် နားလည်သိရှိနိုင်စေရန်ရည်ရွယ်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ မှတာဝန်ရှိသူများက ပြည်သူ့စစ်မှုထမ်း ဥပဒေ၊နည်းဥပဒေဆိုင်ရာအသိပညာပေးဆွေးနွေးပွဲကွင်းဆင်းဆောင်ရွက်ခဲ့‌ ကြောင်းသိရသည်။
အသိပညာပေးဆွေးနွေးပွဲတွင် ကလောမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၁)ဗိုလ်မှူး နိုင်လင်းထွန်း က ပြည်သူ့စစ်မှုထမ်းရန်အကျုံးဝင်သူများ၊ပြည်သူ့စစ်မှုထမ်းရန်ကာလ၊ပြည်သူ့စစ်မှုထမ်းခြင်းမှကင်းလွတ်ခွင့်ပြုခြင်း၊ပြည်သူ့စစ်မှုထမ်း ဥပဒေရည်ရွယ်ချက်၊ပြည်သူ့စစ်မှုထမ်းဥပဒေပါ ပြစ်မှုပြစ်ဒဏ်များ၊ ပြည်သူ့စစ်မှုထမ်းနည်းဥပဒေအရ သတိပြုရန်အချက်များ၊ပြည်သူ့စစ်မှုထမ်းခြင်းမှ ကင်းလွတ်ခွင့်ရရှိသူများ၊ပြည်သူ့စစ်မှုထမ်းခြင်းမှ လျှော့ပေါ့ခွင့်ရရှိသူများ၊ပြည်သူ့စစ်မှုထမ်းခြင်းမှ ရွှေ့ဆိုင်းခွင့်ရရှိသူများ၊စစ်သင်တန်းတက်ရောက်နေစဉ်နှင့်သင်တန်းဆင်းပြီး တာဝန်ထမ်းဆောင်ချိန်များတွင်လစာ၊စရိတ်၊ရိက္ခာနှင့်အခြားခံစားခွင့်များအကြောင်း အသိပညာပေးဆွေးနွေး‌ ဟောပြောခဲ့ပြီး တက်ရောက်လာကြသော မိဘပြည်သူများက သိရှိလိုသည်များကိုမေးမြန်း ဆွေးနွေးခဲ့ကြသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး