ကလော ဇူလိုင် ၂၆
ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ်၊ အောင်ပန်းမြို့ ပစ္ဆိမာရုံပရဟိတဂေဟာကျောင်း၌ ဇူလိုင်လ ၂၆ ရက် နံနက် ၉ နာရီက မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေ အသိပညာပေး‌ ဟောပြောပွဲကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
ဟောပြောပွဲတွင် ကလောမြို့နယ်လူမှုဝန်ထမ်းဦးစီးဌာန ဦးစီးအရာရှိ ဒေါ်အေးအေးမာ က ကလေးသူငယ်အခွင့်အရေးများဆိုင်ရာဥပဒေ နှင့် ပတ်သက်၍ က‌လေးသူငယ်ဆိုသည်မှာ၊ ကလေးသူငယ် အခွင့်အရေး၊ ကလေးတိုင်းလိုက်နာရမည့် ကျင့်ဝတ်စည်းကမ်း၊ ပြစ်မှုပြစ်ဒဏ်များအကြောင်း အသိပညာပေး ဟောပြောခဲ့ပြီး ကျောင်းသား၊ကျောင်းသူများအား ကျောင်းသုံးပစ္စည်းများပေးအပ်ခဲ့ကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး