တောင်ကြီး ဇွန် ၂
“အားကစားသည်နိုင်ငံတော်ကိုချစ်သည့်စိတ်နှင့် စည်းလုံးညီညွတ်မှုကိုဖြစ်ပေါ်စေပြီး၊ အားကစားမြှင့်တင်ခြင်းသည် နိုင်ငံတော်၏ဂုဏ်ကိုမြှင့်တင်ခြင်းပင်ဖြစ်ကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အားကစားပြိုင်ပွဲများကို မြို့ကြီးများတွင်သာမက လုပ်ဆောင်၍ရနိုင်သည့်နေရာများ၌ လုပ်ဆောင်ရမည်ဖြစ်ကြောင်း” နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်နှင့်အညီ ၂၀၂၅ ခုနှစ် တိုင်း ဒေသကြီးနှင့်ပြည်နယ်အားကစားပြိုင်ပွဲများအနက် အသက်(၂၅) နှစ်အောက် ဘော်လီဘောပြိုင်ပွဲ၊ အသက်(၁၈)နှစ်အောက်အမျိုးသားဘောလုံးပြိုင်ပွဲ၊ အမျိုးသားဖူဆယ်ပြိုင်ပွဲနှင့် အသက်(၂၅)နှစ် အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲများကို ရှမ်းပြည်နယ်က အိမ်ရှင်အဖြစ်လက်ခံကျင်းပသွားမည် ဖြစ်ရာ မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဌ၊ အားကစားနှင့်လူငယ်ရေးရာ ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးJeng Phang နော်တောင်သည် ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ လူမှုရေးရာဝန်ကြီး ဦးမင်းမင်းလွင်၊ အားကစားနှင့် ကာယပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးဉာဏ်ဇော်ဦးနှင့်တာဝန်ရှိသူများ လိုက်ပါလျက်ပြိုင်ပွဲ လက်ခံကျင်းပမည့် အားကစားကွင်း/အားကစားရုံများကို လှည့်လည်ကြည့်ရှု စစ်ဆေးသည်။
ရှေးဦးစွာ အမျိုးသား/အမျိုးသမီးဘောလုံးပြိုင်ပွဲများကျင်းပမည့် ပြည်နယ်အားကစား ကွင်းအားကြည့်ရှုစစ်ဆေးရာ ညွှန်ကြားရေးမှူးချုပ်နှင့်တာဝန်ရှိသူများက ရှင်းလင်းတင်ပြမှုအပေါ် ပြည်ထောင်စုဝန်ကြီးက တိုင်းဒေသကြီးနှင့်ပြည်နယ်ပြိုင်ပွဲဖြစ်သည်နှင့်အညီ အားကစားကွင်းအား ပြိုင်ပွဲကွင်းအဆင့်နှင့်လျော်ညီအောင် ပြင်ဆင်ဆောင်ရွက်ထားရှိရန်၊ ပြိုင်ပွဲကာလအတွင်းလုံခြုံရေး ကျိုးပေါက်မှုမရှိစေရေး ကြိုတင်စီစဉ်ဆောင်ရွက်ထားရန်၊ အားကစားကွင်းစိမ်းလန်းစိုပြည်ရေး ဆက်လက် ထိန်းသိမ်းထားရှိရန်မှာကြားပါသည်။


ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်တာဝန်ရှိသူများသည် အမျိုးသား/အမျိုးသမီး ဘော်လီဘောအားကစားပြိုင်ပွဲများနှင့် အမျိုးသားဖူဆယ်ပြိုင်ပွဲကျင်းပမည့် ပြည်နယ်လေ့ကျင့်ရေး အားကစားရုံ၊ အရန်လေ့ကျင့်ရေးကွင်းများ၊ အားကစားသမားများတည်းခိုဆောင်၊ အားကစားသမား စားရိပ်သာ၊ ပြိုင်ပွဲကျင်းပရေးနှင့်ပြိုင်ပွဲကြီးကြပ်မည့်ဒိုင်အဖွဲ့များထားရှိသည့်တည်းခိုဆောင်များအား ကြည့်ရှုစစ်ဆေးခဲ့ကြပြီး၊ တင်ပြချက်များအပေါ်ပြည်ထောင်စုဝန်ကြီးကလိုအပ်ချက်များ ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့သည်။
၎င်းနောက်တောင်ကြီးမြို့၊ မြို့တော်ခန်းမတွင် ကျင်းပပြုလုပ်သည့် ၂၀၂၅ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် ဘော်လီဘောပြိုင်ပွဲဝင်အသင်းများကို လ္ဘက်ရည်ဝိုင်းဖြင့်ကြိုဆို မိတ်ဆက်ခြင်းအခမ်းအနားသို့တက်ရောက်ခဲ့ပြီး၊ ပြည်ထောင်စုဝန်ကြီးကနှုတ်ခွန်းဆက် အမှာစကား ပြောကြားရာတွင် အားကစားသမားများအနေဖြင့် စိတ်ဓာတ်၊ စည်းကမ်း၊ စွမ်းအား၊ စည်းလုံးမှု ၊ စံချိန်၊ စံညွှန်း၊ စံနှုန်း များအားကျင့်သုံးပြီး၊ နိုင်ငံတော်ကအားထားရသည့် မြန်မာ့လက်ရွေးစင် အားကစားသမားကောင်းများဖြစ်စေရေး ပြိုင်ပွဲမှသတ်မှတ်ထားသည့် စည်းမျဉ်းစည်းကမ်းများ နှင့်အညီ ယှဉ်ပြိုင်သွားကြရန်မှာကြားခဲ့ကြောင်း သတင်းရရှိပါသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး