
လားရှိုး ဇွန်-၂၄
လားရှိုးမြို့၊ ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ဧည့်ရိပ်သာဝန်းတွင် ဇွန်လ(၂၄)ရက် နံနက်(၁၀)နာရီခွဲ၌ ပြည်နယ်ဒုတိယအုပ်ချုပ်ရေးမှူးဦးမြင့်သန်းဝင်းသည် ပြည်နယ်ဝန်ကြီးချုပ်နေအိမ်၊ ဘားတိုက်၊ အစိုးရအဖွဲ့ဧည့်ရိပ်သာတို့တွင် လျှပ်စစ်မီးရရှိရေး မီးကြိုးသွယ်တန်းခြင်းလုပ်ငန်းဆောင်ရွက်နေမှုအားသွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရှိရသည်။
ထို့နောက် လားရှိုးလေဆိပ် ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် လေကြောင်းထိန်းတာဝါ၊ ခရီးသည်နားနေဆောင်များ၊ VIP နားနေဆောင်များ ပြန်လည်ပြုပြင်ဆောင်ရွက်နေမှုအားသွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး