
ကျေးသီး အောက်တိုဘာ ၁၆
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကျေးသီးမြို့နယ်တွင် ကျောင်းသား၊ကျောင်းသူများ စာဖတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရေးအတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာန၊ဦးစီးအရာရှိ(တာဝန်ပေး)နှင့်ဝန်ထမ်းများက အောက်တိုဘာလ၁၆ရက် နံနက်(၉)နာရီခွဲတွင် အခြေခံပညာမူလတန်းကျောင်း(မြို့မ)၌ စာဖတ်ရှိန်မြှင့်တင်ရေးအသိပညာပေး ဟောပြောပွဲ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
အဆိုပါ ဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ (တာဝန်ပေး) ဒေါ်စန်းစန်းယဥ်ကကလေးအလုပ်သမားပပျောက်ရေး၊ယာဥ်စည်းကမ်းလမ်းစည်းကမ်းအသိပညာပေး၊ပြည်သူ့စစ်မှု့ထမ်းဆိုင်ရာအသိပညာပေး၊သဘာဝပတ်ဝန်းကျင်ဆိုင်ရာအသိပညာပေးပြောကြားပြီး ရွှေနမ့်ဟင်နံရံကပ်စာစောင်အားပြသခဲ့ပါသည်။
ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဌာနမှခင်းကျင်းပြသထားသည့် ကလေးအလုပ်သမား ဥပဒေဆိုင်ရာ အသိပညာပေး နံရံကပ်စာစောင်နှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အသိပညာပေး နံရံကပ်စာစောင်၊ လူငယ်ရေးရာ ရွှေနမ့်ဟင်နံရံကပ်စာစောင်တို့ကို ကျောင်းသား၊ကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့