
ဟိုမိန်း မတ် ၅
ရှမ်းပြည်နယ်(တောင်ပိုင်း) ၊ လင်းခေးခရိုင် ၊ ဟိုမိန်းမြို့၌ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာများ လက်ကမ်းစာစောင်များကို မတ်(၅)ရက် နံနက် ၉နာရီက ဟိုမိန်းမြို့မဈေးနှင့်လူစည်ကားရာနေရာများ ဈေးရောင်းဈေးဝယ်ပြည်သူများထံသို့ ဖြန့်ဝေပေးခဲ့သည်။
အဆိုပါ အသိပညာပေးလက်ကမ်းစာစောင်တွင် ပြည်သူ့စစ်မှုထမ်းဥပဒေရည်ရွယ်ချက် ၊ စစ်မှုထမ်းရမည့် အသက်အရွယ်ရောက်သူ ၊ ပြည်သူ့စစ်မှုထမ်းရန်ကာလ ၊ ပြည်သူ့စစ်မှုထမ်းခြင်းမှ ကင်းလွတ်ခွင့်ပြုခြင်း ၊ စိုးရိမ်ရန်မလို ၊ ပြည်သူ့စစ်မှုထမ်းခြင်းဥပဒေ အစရှိသည်တို့ပါဝင်ကြောင်း သိရသည်။
လက်ကမ်းစာစောင်ဖြန့်ဝေခြင်းကို ဟိုမိန်းမြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ မြို့ရဲတပ်ဖွဲ့မှ စခန်းမှူးမင်းမင်းထိုက် ၊ မြို့မီးသတ်ဦးစီးဌာနမှ လက်ထောက်မီးသတ်ဦးစီးမှူး ဦးနေမျိုးလှိုင်နှင့် မီးသတ်တပ်ဖွဲ့ဝင်များက ဈေးရောင်းဈေးဝယ်ပြည်သူများ လက်ဝယ်အရောက် လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး