
ဟိုပုံး ဩဂုတ် ၁၂
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၌ ၂၀၂၅ ခုနှစ် အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့ အထိမ်းအမှတ် လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ဩဂုတ်လ၁၂ ရက် နံနက်(၁၀) နာရီအချိန်က အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပသည်။
ဦးစွာ လူငယ်စကားဝိုင်းဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပအိုဝ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဆင့်ရုံးမှ ဦးစီးအရာရှိ ဒေါ်နန်းခမ်းခြူးက နိုင်ငံတော်ကို အကျိုးပြုမည့် နိုင်ငံသားကောင်းများ ဖြစ်ပေါ်လာစေရန်၊ လူငယ်များကို မှန်ကန်သည့် လမ်းကြောင်းပေါ်သို့ ရောက်ရှိ စေရန်၊ ခေါင်းဆောင်မှုအရည်အသွေး တိုးတက်မြှင့်မားလာစေရန်၊ လူငယ်များ အသိပညာ ဗဟုသုတ တိုးပွားလာစေရန်၊ ပူးပေါင်းဆောင်ရွက်မှုတိုးပွားလာစေရန်နှင့် လူငယ်များဉာဏစွမ်းရည် မြှင့်မား တိုးတက်လာစေရန်၊ စဉ်းစားတွေးခေါ်မှုများမြင့်မားပြီး ဆွေးနွေးပွဲများပါဝင်ဆွေးနွေးတတ်စေရန် ရည်ရွယ်၍ ကျင်းပရခြင်းဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် လူငယ်စကားဝိုင်းဆွေးနွေးပွဲကိုကျင်းပရာ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာန၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဆင့်ရုံးမှ ဦးစီးအရာရှိ ဒေါ်လင်းလင်းစန်းက Moderator အဖြစ်ဆောင်ရွက်ခဲ့ပြီး ပါဝင်ဆွေးနွေးပြောကြသူများဖြစ်ကြသော အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်းမှ နန်းရတီဖြိုး၊ ယွန်းဝတီ၊ ထက်မြတ်၊ ဟိန်းယံထိုက်တို့က “ဘဝအောင် မြင်မှုအတွက် ရည်မှန်းချက်, လူငယ်နှင့် ကျန်းမာရေး, ကျောင်းသားနဲ့ နည်းပညာ, ကျွန်တော် ရည်မှန်းချက်” ခေါင်းစဥ်ဖြင့် အပြန်အလှန်ဆွေးနွေးခဲ့ကြပြီး တက်ရောက်လာသည့် ကျောင်းသား၊ ကျောင်းသူများက သိရှိလိုသည် များကို မေးမြန်းခဲ့ကြရာ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဆင့်ရုံးမှ ဦးစီးအရာရှိ ဒေါ်လင်းလင်းစန်းက ပြန်လည်ဖြေကြား ဆွေးနွေးပေးခဲ့ကြကြောင်း သိရသည်။
ထို့နောက် တက်ရောက်လာသည့် ကျောင်းသား၊ ကျောင်းသူလူငယ်လူရွယ်များ ဗဟုသုတ ရရှိစေမည့် အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့အထိမ်းအမှတ် နံရံကပ်စာစောင်ပြသခြင်းနှင့် သုတ၊ ရသ စာအုပ်စာစောင်များကို ခင်းကျင်းပြသရာ ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ ဖတ်ရှုလေ့ လာခဲ့ကြကြောင်း သိရသည်။
ရှမ်းပြည်နယ်အစိုးအဖွဲ့ရုံး