ဟိုပုံး ဇူလိုင် ၁၅
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၌ ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၁၉ ရက်‌နေ့တွင် ကျရောက်မည့် (၇၈)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် အသိပညာ‌ ပေး‌ဟော‌ပြောပွဲကို ဇူလိုင်လ(၁၅)ရက် နံနက် ၁၀ နာရီက အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အထက်တန်းကျောင်း (ခွဲ) (ပေါင်လင်း)၌ ကျင်းပသည်။
ဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသအဆင့်ရုံးမှ ဦးစီးအရာရှိ ဒေါ်နန်းခမ်းခြူး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသအဆင့်ရုံးမှ ဦးစီးအရာရှိ ဒေါ်လင်းလင်းစန်းတို့က ၂၀၂၅ ခုနှစ် ဇူလိုင်လ(၁၉)ရက်နေ့တွင် ကျရောက်မည့် (၇၈)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် အသိ ပညာပေးဟောပြောပွဲ ကျင်းပရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြား‌ပြီး အာဇာနည်နေ့ဖြစ်ပါ်လာပုံ ၊ ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည်ခေါင်းဆောင်ကြီး(၉)ဦး၏ အကြောင်းသိကောင်းစရာများ၊ လူငယ် များအနေဖြင့် မြန်မာ့နိုင်ငံ၏ အထိမ်းအမှတ်နေ့ထူးနေ့မြတ်များကို အစဉ်အောက်မေ့သတိရစေရန်လို ကြောင်းနှင့် စာဖတ်ခြင်းကြောင့် ရရှိသော အကျိုးကျေးဇူးများအကြောင်းသိကောင်းစရာများကို ရှင်းလင်းပြောကြားသည်။ ထို့နောက် မြို့နယ်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူးက ကျောင်းသား၊ ကျောင်းသူများအား အမှိုက်စိုများဖြစ်သော မီးဖိုချောင်ထွက်ပစ္စည်းများနှင့် တစ်ကိုယ် ရေသုံး သန့်ရှင်းရေးပစ္စည်းများအတွက် အစိမ်းရောင်အမှိုက်ပုံးတွင် လည်းကောင်း၊ အမှိုက်ခြောက် များဖြစ်သော စက္ကူ၊ ကတ်ထူစက္ကူ၊ သံတိုသံစ၊ ပိတ်စ၊ သစ်သားစ စသည့်စွန့်ပစ်ပစ္စည်းများ အတွက် အဝါရောင်အမှိုက်ပုံးတွင် လည်းကောင်း၊ ပလတ်စတစ်အမှိုက်များဖြစ်သော ပလတ်စတစ်သုံးပစ္စည်း များအား အပြာရောင်အမှိက်ပုံးတွင်လည်းကောင်း၊ အီလက်ထရွန်နစ် စွန့်ပစ်ပစ္စည်းများ၊ မီးလုံး၊ အင်းဆက်ဖျန်းဆေးရည်များ၊ အိမ်သုံးဓာတုစွန့်ပစ်ပစ္စည်းများ အစရှိသည့် ဘေးအန္တရာယ်ရှိ အမှိုက်များ အတွက် အနီရောင်အမှိက်ပုံးတွင် လည်းကောင်း အမှိုက်စို၊ အမှိုက်ခြောက် ၊ ပလတ်စတစ်အမှိုက်နှင့် ဘေးအန္တရာယ်ရှိ အမှိုက်များခွဲခြားစွန့်ပစ်ခြင်း အသိပညာပေးဟောပြောခဲ့ကြပြီး မြို့နယ်ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာနမှ ဝန်ထမ်းများက ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ပတ်သက်၍ အသိပညာ ပေးလက်ကမ်း စာစောင်များဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး