ဟိုပုံး ဩဂုတ် ၂၇
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် လွတ်လပ်၍ တရားမျှတသော ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးနှင့် မဲဆန္ဒရှင် ပြည်သူများ မှန်ကန်မြန်ဆန်လွယ်ကူစွာဖြင့် ဆန္ဒမဲပေးနိုင်ရန် မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM)များအသုံးပြုသွားမည်ဖြစ်ရာ မြန်မာအီလက်ထရောနစ် မဲပေးစက်ဆိုင်ရာသိကောင်းစရာများ အသိပညာပေးဟောပြောခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းကို ဩဂုတ် ၂၇ရက် နံနက် (၁၀)နာရီက ပေါင်လင်းကျေးရွာအုပ်စု၊ ဗိန့်ပိန်းကျေးရွာဘုန်းတော်ကြီးကျောင်းတွင် ပြုလုပ်သည်။
ဦးစွာ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ ဦးစီးအရာရှိ ဦးအောင်ကျော်သူက မြန်မာ အီလက်ထရောနစ်မဲပေးစက်(MEVM) အသုံးပြု၍ မဲပေးခြင်းဖြင့် ပယ်မဲဖြစ်ပေါ်မှုမရှိခြင်း မဲရေတွက် ခြင်းအတွက် အချိန်ကြန့်ကြာမှုများ၊ ကိန်းဂဏန်းလွဲမှားမှုများကို ကျော်လွှားပြီး အချိန်တိုအတွင်း တိကျ မှန်ကန်သည့် မဲရလဒ်များထုတ်ပြန်ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ မြန်မာအီလက်ထရောနစ်မဲပေး စက်သည် ရိုးရှင်းလွယ်ကူပြီး လုံခြုံစိတ်ချရသည့်စနစ်ဖြစ်ကာ လွတ်လပ်၍ တရားမျှတသော၊ ပွင့်လင်း မြင်သာမှုရှိသော ရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေး ကြီးမားသောအထောက်အကူဖြစ်စေပြီး တက်ရောက်လာသူများအနေဖြင့် ယခုလက်တွေ့စမ်းသပ်မဲပေးခြင်းမှ ရရှိသည့်အတွေ့အကြုံများကို မိမိပတ်ဝန်းကျင်သို့ ထပ်ဆင့်မျှဝေပေးသွားကြရန်ပြောကြားသည်။ ထို့နောက် ပေါင်လင်းကျေးရွာအုပ်စု အတွင်းရှိ မဲဆန္ဒရှင်ပြည်သူများက မြန်မာအီလက်ထရောနစ်မဲမေးစက်ဖြင့် မဲပေးခြင်းအား စုပေါင်း၍ စမ်းသပ်မဲပေးခဲ့ကြောင်း သိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး