
ဟိုပုံး ဩဂုတ် ၂၂
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၌ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ ဥက္ကဋ္ဌဖလား အမျိုးသားအလွတ်တန်း (ဖိတ်ခေါ်)ဘောလုံးပြိုင်ပွဲကို ဩဂုတ် ၂၂ရက် မွန်းလွဲ(၁)နာရီအချိန်က မြို့မအားကစားကွင်းတွင် ကျင်းပပြုလုပ်သည်။
ဦးစွာ အနောက်ရပ်အမျိုးသားဘောလုံးအသင်းနှင့် မဲနယ်တောင်ဒေသ အမျိုးသားဘောလုံး အသင်းတို့ ကွင်းအတွင်းသို့နေရာယူ၍ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ အတွင်းရေးမှူး ဦးမျိုးအောင်နှင့် အဖွဲ့ဝင်များ၊ တာဝန်ရှိသူများက ပြိုင်ပွဲဝင်ဘောလုံးအသင်းအား လိုက်လံနှုတ်ဆက် ကြပြီး ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ အတွင်းရေးမှူးက ဘောလုံးပြိုင်ပွဲအား ဖွင့်လှစ်ပေး သည်။ ထို့နောက် ပထမပွဲစဉ်အဖြစ် အနောက်ရပ်အမျိုးသားဘောလုံးအသင်းနှင့် မဲနယ်တောင်ဒေသ အမျိုးသားဘောလုံးအသင်းတို့ယှဉ်ပြိုင်နေမှုများကို ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ အတွင်းရေးမှူး ဦးမျိုးအောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ နှင့် အဖွဲ့ဝင်များ၊ ဒေသ/မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ဒေသခံဘောလုံးဝါသနာရှင်များက ကြည့်ရှုအား ပေးပြီး အနောက်ရပ်အမျိုးသားဘောလုံးအသင်းက မဲနယ်တောင်ဒေသ အမျိုးသားဘောလုံးအသင်းကို (၂)ဂိုး၊ (၁)ဂိုးဖြင့် အနိုင်ရရှိသည်။ ဆက်လက်၍ ဒုတိယပွဲစဉ်အဖြစ် BNS Hopong အမျိုးသား ဘောလုံး အသင်းနှင့် Generation အမျိုးသားဘောလုံးအသင်းတို့ဆက်လက်ယှဉ်ပြိုင်ခဲ့ကြကြောင်းသိရသည်။ အဆိုပါဘောလုံးပြိုင်ပွဲကို ဟိုပုံးမြို့နယ်၊ ဆီဆိုင်မြို့နယ်နှင့် ပင်လောင်းမြို့နယ်တို့မှ အသင်းပေါင်း (၅၁)ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး ဩဂုတ်လ(၂၂)ရက်နေ့မှ အောက်တိုဘာလ(၉)ရက်နေ့အထိကျင်းပ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
ရှမ်းပြည်နယ်အစိုးအဖွဲ့ရုံး