ဟိုပုံး စက်တင်ဘာ ၃
ရှမ်းပြည်နယ်(တောင်ပိုင်း) ၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့နယ် ကုန်းကျိုင်း ကျေးရွာအုပ်စု၊ ဟန်လွဲကျေးရွာ၊ နမ့်တဘက်ချောင်းအတွင်းငါးမျိုးစိုက်ထည့်ခြင်းနှင့် ဇာပြာပိုက်များ ပေးအပ်ခြင်းအခမ်းအနားကို စက်တင်ဘာလ ၃ ရက် နံနက် (၉)နာရီခွဲကကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါအခမ်းအနားတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီး ဦးခွန်သိန်းမောင်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ တိုင်းရင်းသားရေးရာဝန်ကြီး ဦးအောင်ကြည်ဝင်း ၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့် ရဒေသဦးစီးအဖွဲ့အတွင်းရေးမှူး ဦးမျိုးအောင်နှင့်အဖွဲ့ဝင်များ၊ ရှမ်းပြည်နယ်ငါးလုပ်ငန်းဦးစီးဌာန ပြည်နယ်ဦးစီးဌာနမှူးနှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ ၊ ဟိုပုံးမြို့နယ် စီမံခန့်ခွဲရေး နှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးခွန်သိန်းရွှေနှင့်အဖွဲ့ဝင်များ ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ ၊ ဒေသခံပြည်သူများတက်ရောက်ခဲ့ကြောင်း သိရသည်။
ထို့နောက် နမ့်တဘက်ချောင်းအတွင်းသို့ ငါးမြစ်ချင်း(၃၀၀၀၀)ကောင် ၊ ငါးခုံးမကြီး (၂၀၀၀၀) ကောင် စုစုပေါင်း ငါးကောင်ရေ(၅၀၀၀၀) ငါးမျိုးစိုက်ထည့်ခဲ့ကြောင်းနှင့် ဒေသခံပြည်သူများအား တစ်နိုင်တစ်ပိုင် ငါးမွေးမြူရေး ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ဇာပြာပိုက်လှောင်အိမ်များ ပေးအပ်ခဲ့ကြောင်း သိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး