ဟိုပုံး ဩဂုတ် ၁၄
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၌ ကုန်းကျိုင်း ကျေးရွာအုပ်စုနှင့် လုံဟေးကျေးရွာအုပ်စုရှိ ဒေသခံပြည်သူများအား မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) အသုံးပြုခြင်းဆိုင်ရာ အသိပညာပေးခြင်းလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခြင်းကို ဩဂုတ်လ၁၄ရက် နံနက် ၁၀ နာရီအချိန်က ကုန်းကျိုင်းကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ ကွင်းဆင်းဆောင်ရွက်ခဲ့ ကြောင်း သိရသည်။
ထိုသို့ အသိပညာပေးကွင်းဆင်းဆောင်ရွက်‌ရာတွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ ဦးစီးအရာရှိ ဦးအောင်ကျော်သူက ကုန်းကျိုင်းကျေးရွာအုပ်စုနှင့် လုံဟေးကျေးရွာရှိ ဒေသခံပြည်သူများ အား မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) အသုံးပြုခြင်းဆိုင်ရာ အသိပညာပေးဟောပြော ပြီးနောက် ဒေသခံပြည်သူများက ကိုယ်တိုင်လက်တွေ့စမ်းသပ်မဲပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ရှမ်းပြည်နယ်အစိုးအဖွဲ့ရုံး