ကျိုင်းတုံ ဩဂုတ်-၁၂
ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန၏ လမ်းညွှန်မှု ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ပံ့ပိုးကူညီမှုတို့ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်သည့် “ဟိုတယ်ဆိုင်ရာဝန်ဆောင်မှုသင်တန်း(၃)မျိုး” ဖွင့်ပွဲအခမ်းအနားကို ဩဂုတ်လ(၁၂)ရက် နံနက်( ၁၀ ) နာရီတွင် ကျိုင်းတုံမြို့၊ နောင်ကုန်ကျေးရွာအုပ်စု၊ သဲဆိုင်းကျေးရွာ၊ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးဗဟိုဌာနသင်တန်းကျောင်းတွင် ကျင်းပပြုလုပ်ရာ ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ ( ရှမ်းအရှေ့ )၊ ဥက္ကဋ္ဌ၊ ဦးတင်လင်း သည် ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်စီးပွားရေးရာဝန်ကြီး၊ ဦးခွန်သိန်းမောင်၊ ပြည်နယ်ဒုတိယရဲတပ်ဖွဲ့မှူး၊ ဟိုတယ်နှင့်ခရီးသွားလာမှုဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး နှင့် အသင်တန်းနည်းပြများ၊ ဌာနဆိုင်ရာများ၊ မြို့မိ၊ မြို့ဖများ၊ ဟိုတယ်လုပ်ငန်းရှင်များနှင့်သင်တန်းသား/သူများ၊ စုစုပေါင်း(၁၅၀)ဦးခန့်နှင့်အတူ တက်ရောက်ခဲ့ပြီး အခမ်းအနားတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်စီးပွားရေးရာဝန်ကြီးမှ အဖွင့်အမှာစကားပြောကြား၍ သင်တန်းနည်းပြဆရာ ဦးကျော်ကျော်ဆင့် မှ သင်တန်းနှင့် ပတ်သက်သည်များကို ရှင်းလင်းတင်ပြခြင်း၊ အမှတ်တရ စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံ ရိုက်ကူးခြင်းများ ဆောင်ရွက်ခဲ့ပြီးကြောင်း သိရှိရသည်။
ထို့နောက်သင်တန်းကာလမှာ( ၁၂ – ၈ – ၂၀၂၅ ) ရက်မှ ( ၅ – ၉ – ၂၀၂၅ ) ရက်နေ့ထိဖြစ်ကာ ဟိုတယ်လုပ်ငန်းရှင်များနှင့် ဟိုတယ်မန်နေဂျာ ( ၈၂ )ဦး တက်ရောက်လျှက်ရှိကြောင်း သိရှိရသည်
ရှမ်းပြည်နယ်အစိုးအဖွဲ့ရုံး