‎‎
ကျိုင်းတုံ ဇန်နဝါရီ-၁၅
“ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ တပ်ဖွဲ့၊ အဖွဲ့အစည်းများနှင့် တွေ့ဆုံပွဲ အခမ်းအနားကို ဇန်နဝါရီ ၁၅ ရက်နံနက် ၇ နာရီတွင် တြိဂံဒေသတိုင်းစစ်ဌာနချုပ်၊တိုင်းမှူးဗိုလ်ချုပ်စိုးလှိုင်သည် ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ (ရှမ်းအရှေ့)ဥက္ကဌ ဦးတင်လင်း၊ ပြည်နယ်ဒုတိယရဲတပ်ဖွဲ့မှူး ရဲမှူးကြီး နေမျိုးထွဋ်၊ တပ်မတော်အရာရှိများနှင့်အတူ ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ကျိုင်းတုံခရိုင်၊ ကျိုင်းတုံမြို့မှ မက်မန်းခရိုင်ထွေ/အုပ်ရုံးသို့ ရောက်ရှိခဲ့ပြီး ခရိုင်ထွေ/အုပ်ရုံးအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ တွေ့ဆုံပွဲတွင် တိုင်းမှူးက အဖွင့်အမှာစကား ပြောကြားပြီး မက်မန်းခရိုင်စီမံခန့်ခွဲ‌ရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဌ ဦးညီညီလွင်က ပါတီစုံအထွေထွေ ရွေးကောက်ပွဲနှင့်ပတ်သက်၍ ဆောင်ရွက်ထားရှိမှုအခြေအနေများအား ရှင်းလင်းတင်ပြပြီးနောက် တက်ရောက်လာသည့် ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ တပ်ဖွဲ့၊ အဖွဲ့အစည်းများ၏ ရှင်းလင်းတင်ပြခဲ့မှုအပေါ် တိုင်းမှူးက လိုအပ်သည်များ ဆွေးနွေးညှိနှိုင်း ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ပြီး‌ အမှတ်(၁)ရပ်ကွက်ရှိ မဲရုံအမှတ်(၁) ပြင်ဆင်ဆောင်ရွက်ထားရှိမှုအခြေအနေများအား ကြည့်ရှုစစ်ဆေးခဲ့ပါကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး