
လွိုင်လင် ဇူလိုင်-၅
လွိုင်လင်မြို့နယ်၊ ခေါက်နွဲ့ကျေးရွာအုပ်စု၊ ချိုခမ်းကျေးရွာ၌ ကျင်းပပြုလုပ်သော သဘာဝဘေးဒဏ်သင့် ခေါင်းနွဲ့ကျေးရွာသစ် ရွှေ့ပြောင်းမြေနေရာချထားရေး အခမ်းအနားကို ဇူလိုင်လ(၅)ရက် နေ့လည် ၁၁ နာရီတွင် လွိုင်လင်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသိန်းထွဋ်မှ အဖွင့်အမှာစကားပြောကြားပြီး မြေနေရာချထားရေးနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပါကြောင်း သိရှိရသည်။
ထို့နောက်ကျေးရွာသူ/သားများမှ မြေနေရာအတွက် မဲနှိုက်ရွေးချယ်ခဲ့ပါကြောင်းနှင့် ခရိုင်/မြို့နယ်အဆင့်မြေနေရာပြန်လည်ချထားရေးကော်မတီဝင်များ၊ ကျေးရွာသူ/သားများ စုစုပေါင်းအင်အား (၁၃၀)ဦးခန့် တက်ရောက်ကြကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး