လွိုင်လင် ဇူလိုင်-၂၃
လွိုင်လင်မြို့နယ်၊ ပင်လုံမြို့၊ မွေတော်ကျောင်းလမ်းမီးပွိုင့်လမ်းဆုံ၌ ဇူလိုင်လ(၂၃) ရက် နံနက် ၁၀ နာရီက ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ခရိုင်အုပ်ချုပ်ရေးမှူးဦးကြည်မြင့်၊ခရိုင်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးထက်မြက်အောင်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူးဦးသိန်းထွဋ်၊ မြို့နယ်စည်ပင်သာယာရေးဌာန၊ အမှုဆောင်အရာရှိ ဦးတင်ကိုကို၊ လမ်းအထူးအဖွဲ့-၅မှ AE ဦးကျော်ခိုင်ဦး၊ ပင်လုံမြို့အထွေထွအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့အုပ်ချုပ်ရေးမှူး ဦးရန်ပိုင်ဖြိုး၊ သက်ဆိုင်ရာ ဌာနများနှင့် Slow down ပြုလုပ်ဆောင်ရွက်ထားရှိမှု အခြေအနေအား ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ပါကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး