
လွိုင်လင် စက်တင်ဘာ၁၃
လွိုင်လင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသိန်းထွဋ်သည် စက်တင်ဘာလ၁၅ရက် နံနက် ၈ နာရီခွဲတွင် လွိုင်လင်မြို့နယ်၊ ဟွေတောက်ကျေးရွာအုပ်စု၊ ကွင်း(၁၀)ကွင်း၊ ဦးပိုင်ပေါင်း (၁၆၅)ခု နှင့် နားယမ်းကျေးရွာအုပ်စု၊ ကွင်း(၃)ကွင်း၊ဦးပိုင်ပေါင်း (၂၄)ခုသို့ ယာမြေများအား လယ်မြေအဖြစ်သို့ ပြောင်းလဲသတ်မှတ်နိုင်ရေး မြို့နယ်မြေစာရင်းဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးကျော်ကျော်နိုင်၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဦးဆန်းလင်းအောင်၊ မြို့နယ်သစ်တောဦးစီးဌာနမှ တာဝန်ရှိသူ၊ သက်ဆိုင်ရာ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးနှင့်စာရေးများ၊ သက်ဆိုင်ရာကျေးရွာအုပ်စု မြေတိုင်းစာရေးတို့နှင့်အတူ ကွင်းဆင်းဆောင်ရွက်ခဲ့ပါကြောင်း သိရှိရသည်။
ထို့နောက် လွိုင်လင်မြို့၊ မြို့လယ်ကျောင်းတိုက် ဓမ္မာရုံ၌ နံနက် ၁၀ နာရီတွင် လွိုင်လင်ခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ကျင်းပပြုလုပ်သော လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းဖွင့်ပွဲ အခမ်းအနားသို့ လွိုင်လင်ခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဌ ဦးကြည်မြင့်မှ အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဌ ဦးသိန်းထွဋ်၊ ဖိတ်ကြားထားသည့် ဌာနဆိုင်ရာများ၊ ခရိုင်အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဌ ဒေါ်ခင်လေးမြင့်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း ဥက္ကဌ ဒေါ်နှင်းဝင့်ဝင့်ဆွေနှင့် အဖွဲ့ဝင်များ၊ သင်တန်းသား/သူ များ စုစုပေါင်း (၅၀)ဦးခန့် တက်ရောက်ခဲ့ပါကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး