ကျေးသီး နိုဝင်ဘာ ၂၉
ရှမ်းပြည်နယ်(တောင်ပိုင်း)၊မိုင်းရှူးခရိုင်၊ကျေးသီးမြို့နယ်တွင် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ရပ်ကွက်နှင့်ကျေးရွာများအလိုက် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ မဲဆန္ဒရှင်စာ ရင်းများမှန်ကန်မှုရှိရေးအတွက် မဲစာရင်းများအား Door to Door စနစ်ဖြင့် နိုဝင်ဘာလ၂၉ရက် မွန်းလွဲပိုင်းက မြို့ ပေါ်ရပ်ကွက်(၆)ရပ်ကွက်နှင့် ကျေးရွာအုပ်စုများသို့ မြေပြင်တစ်အိမ်တက်ဆင်း၍ လိုက်လံစစ်ဆေး ခဲ့သည်။
ထိုသို့ လိုက်လံစစ်ဆေးရာတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ၊လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင် အားဝန်ကြီးဌာနဦးစီးမှူး၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်/ကျေးစာရေးများ၊ ရပ်ကွက်/ကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှူး၊ ဆယ်အိမ်မှူး၊ ရာအိမ်မှူး၊ စေတနာ့ ဝန်ထမ်းများပါဝင်သည့် စာရင်းကောက်ယူရေးအဖွဲ့များက မြို့နယ်အတွင်းရပ်ကွက်နှင့် ကျေးရွာများ တွင် သတ်မှတ်စာရင်းပုံစံများဖြင့် ၂၀၂၅ခုနှစ်၊ နိုဝင်ဘာ(၂၈)ရက်နေ့မှ ဒီဇင်ဘာ(၈)ရက်နေ့အထိ ကွင်းဆင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး