
လွိုင်လင် စက်တင်ဘာလ ၂၇ ရက်
လွိုင်လင်ခရိုင်စီမံခန့်ခွဲရေးနှင့် အု်ပချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးကြည်မြင့်(ခရိုင်အုပ်ချုပ်ရေးမှူး) သည် စက်တင်ဘာလ(၂၇)ရက် နံနက်(၇)နာရီမှစတင်၍ တပ်ရင်းတပ်ဖွဲ့များ၊ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာ များမှ ဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့ များပူးပေါင်း၍ စုစုပေါင်းအင်အား(၃၅၂)ဦးခန့်ဖြင့် လွိုင်လင်ခရိုင်၊ လွိုင်လင်မြို့၊ မြကန်သာရေကန်/ ပန်းခြံ (ကားပါကင် ကွန်ကရစ်အခင်းအနီး) သန့်ရှင်းသာယာလှပစေရေးအတွက် သန့်ရှင်းရေး စုပေါင်း ဆောင်ရွက်ခဲ့ကြပါကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး