
လွိုင်လင် စက်တင်ဘာ-၂၆
လွိုင်လင်ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး အစည်းအဝေးခန်းမ၌ ပြည်ထောင်စုရွေးကော်ပွဲ ကော်မရှင် အဖွဲ့ဝင် ဦးခင်မောင်ဦးနှင့် တွေဆုံပွဲ အခမ်းအနားကိုစက်တင်ဘာ ၂၆ ရက်၊ နံနက် ၁၀ နာရီခွဲက ပြုလုပ်ခဲ့ရာ ခရိုင်ကော်မရှင်အဖွဲ့ အတွင်းရေးမှူး ဦးသိန်းနိုင်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေး ကော်မတီ ဥက္ကဌ ဦးသိန်းထွဋ်၊ မြို့နယ်ကော်ရှင်အဖွဲ့ အတွင်းရေးမှူး ဒေါ်စောနန္ဒာမြင့်တို့မှ ရွေးကောက်ပွဲနဲ့ပတ်သက်သည့်အချက်အလက်များ၊ လုံခြုံရေးဆိုင်ရာကိစ္စရပ်များ ဆွေးနွေးတင်ပြခဲ့ပါကြောင်းနှင့် အခမ်းအနားသို့ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဌ ဦးကြည်မြင့်၊ ခရိုင်ကော်မရှင်အဖွဲ့ ဥက္ကဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဌဦးသိန်းထွဋ်၊မြို့နယ်ကော်ရှင်အဖွဲ့ ဥက္ကဌနှင့်အတွင်းရေးမှူး စုစုပေါင်းအင်အား (၂၀)ဦးခန့် တက်ရောက်ခဲ့ပါကြောင်း သိရှိရသည်။
လွိုင်လင်ခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ကျင်းပပြုလုပ်သော အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေ မိသားစုဝင်ငွေတိုးရေးစီမံကိန်း၊ လုပ်ငန်းသုံးပေးအပ်ပွဲ အခမ်းအနားကို နေ့လည် ၁ နာရီခွဲက လွိုင်လင်ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခန်းမ၌ ကျင်းပပြုလုပ်ရာ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဌ ဦးကြည်မြင့်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဌ ဦးသိန်းထွဋ်၊ ဖိတ်ကြားထားသည့် ဌာနဆိုင်ရာများ တက်ရောက်ခဲ့ပါကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး