လားရှိုး ဇူလိုင်-၁၂
လားရှိုးမြို့၊ ပြည်နယ်ဒုတိယအုပ်ချုပ်ရေးမှူးဦးမြင့်သန်းဝင်း၏ ကြီးကြပ်မှုဖြင့် ပြည်နယ်/ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် အတူ ဇူလိုင်လ(၁၂)ရက် နံနက်(၇)နာရီတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ရိပ်သာ၊ လူမှုဝန်ထမ်း လူငယ်သင်တန်းကျောင်း၊ ပြည်သူ့ဆေးရုံကြီးတို့၌ စုပေါင်းသန့်ရှင်းရေးပြုလုပ်ခဲ့ပါကြောင်းနှင့် အင်အား (၇၈) ဦးတက်ရောက်ခဲ့ကြောင်း သိရှိရသည်။
ထို့နောက် လားရှိုးမြို့၊ ပြည်သူ့ဆေးရုံကြီးတွင် ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ (ရှမ်းမြောက်) ခေတ္တဥက္ကဌရဲမှူးကြီးသန့်ဇင်သည် ဒုတိယပြည်နယ်လဝကဦးစီးမှူး၊ ခရိုင်အုပ်ချုပ်ရေးမှူး၊ ခရိုင်ရဲတပ်ဖွဲ့မှူးတို့နှင့်အတူ ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ဦးဆောင်လမ်းညွှန်မှုဖြင့် နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲလူနာများအား ခွဲစိတ်ကုသ မည့်နေရာများအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ပါကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး