လားရှိုး ဇန်နဝါရီ-၂၉
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ လားရှိုးမြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လားရှိုးခရိုင်ရုံးနှင့် ရှမ်းပြည်နယ် (မြောက်ပိုင်း) ကုန်သည်များနှင့်စက်မှုလုပ်ငန်းရှင်များအသင်းတို့ ပူး‌ပေါင်းဖွင့်လှစ်သည့် အခမ်းအနားမှူးသင်တန်း (၂/၂၀၂၆) ဆင်းပွဲကို ဇန်နဝါရီလ ၂၉ ရက်နေ့ ညနေပိုင်းက လားရှိုးခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre) ရှိ သင်တန်းခန်းမ၌ ကျင်းပသည်။
သင်တန်းဆင်းပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ တွဲဖက်ပြည်နယ်ရုံး (လားရှိုး)မှ ဒုတိယညွှန်ကြားရေးမှူး ဦးဇော်ဌေးအောင် သင်တန်းဆင်းအမှာစကား ပြောကြားခဲ့သည်။
အဆိုပါ အခမ်းအနားမှူး (၂/၂၀၂၆) သင်တန်းအား ဇန်နဝါရီလ ၂၇ ရက်နေ့မှ ၂၈ ရက်နေ့အထိ စာတွေ့လက်တွေ့ ဖွင့်လှစ်သင်ကြားပေးခြင်းဖြစ်ပြီး သင်တန်းသား သင်တန်းသူ ၃၁ ဦး တက်ရောက် သင်ကြားခဲ့သည်။
ထို့နောက် သင်တန်းသား သင်တန်းသူများအား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ တွဲဖက်ပြည်နယ်ရုံး (လားရှိုး)မှ ဒုတိယညွှန်ကြားရေးမှူး ဦးဇော်ဌေးအောင်၊ ခရိုင်ဦးစီးမှူး ဦးစိုင်းထွန်း‌နေလှိုင်နှင့် လင်းလပြည့်ဝန်း ကိုယ်ပိုင်အထက်တန်းကျောင်းမှ ကျောင်းအုပ်ကြီး ဒေါက်တာဝင်းဗိုလ်တို့က သင်တန်းဆင်းလက်မှတ်များပေးအပ်ခဲ့ပြီး၊ သင်တန်းသား သင်တန်းသူများက နည်းပြဆရာများအား အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကာ စုပေါင်းမှတ်တမ်းဓာတ်ပုံ ရိုက်ကူးခဲ့ကြောင်း သိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး