လားရှိုး နိုဝင်ဘာ-၁၉
ရှမ်းပြည်နယ် (မြောက်ပိုင်း) လားရှိုးမြို့တွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လားရှိုးခရိုင်ရုံးနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ စာကြည်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် ဆုချီးမြင့်ပွဲအခမ်းအနားကို နိုဝင်ဘာလ (၁၈) ရက်နေ့ ညနေ ၃ နာရီက အမှတ် (၆) အခြေခံပညာ အထက်တန်းကျောင်းရှိ က‌မ္ဘောဇခန်းမ၌ ကျင်းပသည်။
အခမ်းအနားအား အမှတ် (၆) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသားကျောင်းသူများက “မြန်မာ့ကျောင်းသီချင်း” သီဆိုဖျော်ဖြေ၍ ဖွင့်လှစ်ခဲ့ပြီး ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဌ ဦးမျိုးမင်းထွန်းက စာကြည်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ကျင်းပပြုလုပ်သည့် ရည်ရွယ်ချက်နှင့် ဉာဏစွမ်းရည်ပြိုင်ပွဲများတွင် ထူးချွန်ဆုပေးအပ်ခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
ထို့နောက် ဉာဏစွမ်းရည်ပြိုင်ပွဲများဖြစ်သည့် ကဗျာရွတ်ဆိုပြိုင်ပွဲ၊ ပုံပြင်ပြောပြိုင်ပွဲ၊ ကျပန်းစကားပြောပြိုင်ပွဲ၊ စာစီစာကုံးပြိုင်ပွဲတို့တွင် ပထမ၊ ဒုတိယ၊ တတိယနှင့် အထူးဆု အသီသီးရရှိခဲ့သည့် ကျောင်းသားကျောင်းသူ စုစုပေါင်း ၂၀ ဦးတို့အား ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဌ ဦးမျိုးမင်းထွန်းနှင့် တာဝန်ရှိသူများက ထူးချွန်ဂုဏ်ပြုဆုများ အသီးသီးချီးမြှင့်‌ပေးအပ်သည်။
ထို့အပြင် စာဖတ်ရှိန်မြှင့်တင်ရေးလူငယ်စကားဝိုင်းတွင် ပါဝင်ဆွေးနွေးခဲ့သည့် ကျောင်းသားကျောင်းသူ ၆ ဦးအား ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးစိုင်းထွန်းနေလှိုင်က ဂုဏ်ပြုလက်ဆောင်များအားလည်းကောင်း၊ အကအလှ‌တေးသီချင်းဖြင့် ဖျော်ဖြေတင်ဆက်ပေးသည့် ကျောင်းသားကျောင်းသူများအား မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဌ ဦး‌ဇော်နိုင်ဦးက ဂုဏ်ပြုချီးမြှင့်ငွေများအားလည်းကောင်း အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ပြီး အမှတ် (၆) အခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းသားကျောင်းသူလေးများက “ပညာဘဏ်တိုက်စာကြည့်တိုက်” တေးသီးချင်းဖြင့် သရုပ်ဖော်ဖျော်ဖြေတင်ဆက်သည်။
အဆိုပါ စာကြည်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်တွင် ဉာဏစွမ်းရည်ပြိုင်ပွဲအမျိုးအစားပေါင်း ၅ မျိုး၊ ကာယစွမ်းရည်ပြိုင်ပွဲအမျိုးအစား‌ပေါင်း ၄ မျိုး၊ စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်း၊ “လှပသာယာပြည်မြန်မာ” ရောင်စုံဓာတ်ပုံပြပွဲ၊ အခြေခံပညာကျောင်း သိပ္ပံပြခန်း၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိပညာပေး၊ မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်‌ရေးနှင့် ယာဉ်စည်းကမ်းလမ်းစည်းကမ်းအသိပညာ‌ပေးစသည့်ပြပွဲများနှင့် စာအုပ်ဈေးရောင်းပွဲတော်တို့ဖြင့် စည်ကားသိုက်မြိုက်စွာကျင်းပခဲ့ကြောင်း သိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး