
လားရှိုး ဇွန်-၂၇
လားရှိုးမြို့၊ ပြည်နယ်ဒုတိယအထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ဇွန်လ(၂၇)ရက်၊ နေ့လယ် (၁)နာရီ၌ ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ (ရှမ်းမြောက်) ခေတ္တဥက္ကဌ ရဲမှူးကြီးသန့်ဇင်သည် အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ ဒုတိုင်းမှူးနှင့်အရာရှိကြီးများ၊ ပြည်နယ်ဒု/ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများမှတာဝန်ရှိသူများနှင့်အတူ လားရှိုးမြို့ ပြန်လည်ထူထောင်ရေးလုပ်ငန်းများနှင့် ပတ်သက်၍ တွေ့ဆုံပွဲအခမ်းအနားကျင်းပခဲ့ပါကြောင်းနှင့် အခမ်းအနားသို့ အင်အား (၈၄) ဦးတက်ရောက်ခဲ့ပါကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး