
လားရှိုး ဇူလိုင်-၂၁
လားရှိုးမြို့၊ သူနာပြုနှင့်သားဖွားသင်တန်းကျောင်းတွင် ဇူလိုင်လ(၂၁)ရက် နေ့လယ်(၂)နာရီ၌ ပြည်နယ်ဒုတိယအုပ်ချုပ်ရေးမှူးဦးမြင့်သန်းဝင်းသည် ပြည်နယ်ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူး၊ သင်တန်းကျောင်းအုပ်ဆရာမကြီးတို့နှင့်အတူ သူနာပြုနှင့်သားဖွားသင်တန်းသား/ သူ (၄၅)ဦးအတွက် ဆန် (၁၀)အိတ်နှင့် ကြက်ဥ (၁၅၀) လှူဒါန်းခဲ့ပါကြောင်းနှင့် သင်တန်းကျောင်းတွင် ရေ/မီးရရှိမှုအခြေအနေများအား ကြည့်ရှုစစ်ဆေးခဲ့ပါကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး