လားရှိုး နိုဝင်ဘာ ၅
ရှမ်းပြည်နယ် (မြောက်ပိုင်း) လားရှိုးမြို့တွင် ၂၀၂၅ ခုနှစ် နိုဝင်ဘာလ ၇ ရက်နေ့တွင် ကျရောက်မည့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ၃၇ နှစ်မြောက် နှစ်ပတ်လည်‌နေ့ အထိမ်းအမှတ် စု‌ပေါင်းသွေးလှူဒါန်းပွဲကို နိုဝင်ဘာ ၅ ရက် နံနက် ၁၀ နာရီက ခုတင် ၅၀၀ ဆံ့ပြည်သူ့ဆေးရုံကြီးရှိ အမျိုးသားသွေးလှူဘဏ်၌ ကျင်းပသည်။
ထိုသို့စုပေါင်းသွေးလှူဒါန်းရာတွင် ပြည်သူ့ဆေးရုံကြီး၌ ဆေးကုသမှု ခံယူလျက်ရှိကြသည့် ဝေဒနာရှင်လူနာများမှ သွေးလိုအပ်သည့်အခါ အဆင်ပြေစွာဖြင့် သွေးသွင်းကုသနိုင်ရန်ရည်ရွယ်၍ ပြည်နယ် ဒုတိယ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန (လားရှိုး)ရုံး၊ ခရိုင်ရုံးနှင့် မြို့နယ်ရုံးတို့ရှိ ဝန်ထမ်း ကျား ၆ ဦး မ ၁၁ ဦး စုစုပေါင်း ၁၇ ဦး တို့က စုပေါင်းသွေးလှူဒါန်ပေးခဲ့သည်။
အဆိုပါ စုပေါင်းသွေးလှူဒါန်းပွဲသို့ ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ (ရှမ်းမြောက်) ဥက္ကဌ ဦးမြင့်သန်းဝင်း၊ ခရိုင်နှင့် မြို့နယ် စီမံခန့်ခွဲ‌ရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဌများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ပြီး စုပေါင်းသွေးလှူဒါန်းမှုအား ကြည့်ရှုအားပေးကာ သွေးလှူဒါန်းပေးခဲ့သည့်ဝန်ထမ်းများအား အဟာရဖြည့်စားသောက်ဖွယ်ရာများနှင့် လက်ဆောင်ပစ္စည်းများအား ချီးမြှင့်ပေးအပ်ခဲ့‌ကြောင်း သိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး