လားရှိုး ဒီဇင်ဘာ ၁၆
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ လားရှိုးမြို့တွင် အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး၊ မဲပေးခြင်းသည် နိုင်ငံသားများမှ အမျိုးသားရေးတာဝန် ထမ်းဆောင်ခြင်းဖြစ်သည့်အတွက် နိုင်ငံသားတိုင်း မဲပေးပိုင်ခွင့် အခွင့်အရေး ပြည့်ဝစွာရရှိစေရေး ရည်ရွယ်၍ ရွေးကောက်ပွဲအောင်မြင်ရေး အသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေခြင်းကို ဒီဇင်ဘာ ၁၆ရက် နံနက်ပိုင်းက လားရှိုးမြို့နယ် မန်ဆူခရီးသည်ပို့ဆောင်ရေးယာဉ်ဝင်း အတွင်းနှင့်
မြို့မဈေးကြီး အတွင်း၌ ဆောင်ရွက်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ် အေးမင်းဦး၊ ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ (ရှမ်းမြောက်) ဥက္ကဌ ဦးမြင့်သန်းဝင်း၊ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဌ ဦးမျိုးမင်းထွန်းနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများ က ရွေးကောက်ပွဲမှ သည် ပိုမိုကောင်းမွန်သောအနာဂတ်ဆီသို့၊ ဒီမိုကရေစီကို ပြန်လည်ဖော်ဆောင်ဖို့အတွက် ရွေးကောက်ပွဲမှ လွဲ၍ အခြားနည်းမရှိပါ၊ ပြည်သူများလိုလားသည့် ဒီမိုကရေစီနိုင်ငံတော်ကို ရွေးကောက်ပွဲဖြင့်သာ ဖော်ဆောင်နိုင်ပါသည်၊ ဒီမိုကရေစီခိုင်မြဲဖို့ မဲရုံသွားပြီး မဲပေးကြပါစို့၊ နိုင်ငံဖွံ့ဖြိုးတိုးတက်ဖို့ ဦးဆောင်နိုင်သူ ရွေးချယ်ကြပါစို့ စသည့်အကြောင်းအရာများပါဝင်သည် “ဒို့အတူတူ မဲပေးကြမယ်” အသိပညာပေးလက်ကမ်းစာစောင်များနှင့် မြန်မာအီလက်ထရောနစ် မဲပေးစက်အသုံးပြု၍ မဲပေးပုံအဆင့်ဆင့် စသည့် အသိပညာပေးလက်ကမ်းစာစောင်များအား မန်ဆူခရီးသည်ပို့ဆောင်ရေးယာဉ်ဝင်းအတွင်းရှိ ယာဉ်မောင်းများနှင့် ခရီးသည်များ၊ မြို့မဈေးကြီး အတွင်းရှိ ဈေးရောင်း၊ ဈေးဝယ် ပြည်သူများလက်ဝယ်သို့ အများပြည်သူပိုမိုမဲပေးနိုင်ရေး ဖြန့်ဝေပေးခဲ့‌ကြောင်း သိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့