‎‎
လားရှိုး ဇန်နဝါရီ-၁၄
ရှမ်းပြည်နယ် (မြောက်ပိုင်း) လားရှိုးမြို့တွင်၊ ကျန်းမာရေးဝန်ကြီးဌာန၊ ကုသရေးဦးစီးဌာန၊ သွားကျန်းမာရေးဌာနခွဲမှ ညွှန်ကြားရေးမှုး ပါမောက္ခ ဒေါက်တာခင်မောင် ဦးဆောင်သည့်အဖွဲ့နှင့် ရှမ်းပြည်နယ် (မြောက်ပိုင်း) ကုသရေးဦးစီးဌာနတို့ ပူးပေါင်း၍ ခုတင် (၅၀၀) ဆံ့ အထွေထွေရောဂါကုဆေးရုံကြီး၌ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲလူနာများအား ခွဲစိတ်ကုသနိုင်ရေး အကြိုစမ်းသပ်စစ်ဆေးခြင်းနှင့် သက်ကြီးဘိုးဘွားများအား သွားတု(အံကပ်)များ တပ်ဆင်နိုင်ရေး ကြိုတင်အံကပ်ပုံစံယူခြင်းဆောင်ရွက်ခြင်းကို ဇန်နဝါရီလ ၁၄ ရက်နေ့ ညနေပိုင်းက ပြင်ပလူနာနှင့် ပြင်ပလူနာအထူးကုဌာန (အရေးပေါ်ဌာန) ၌ ဆောင်ရွက်ခဲ့သည်။
အဆိုပါ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲလူနာများအား ခွဲစိတ်ကုသခြင်း၊ သက်ကြီးဘိုးဘွားများအား သွားတု(အံကပ်)များ တပ်ဆင်ခြင်းနှင့် သွားနှင့်ခံတွင်း ကျန်းမာရေးစောင့်ရှောက်ခြင်း အခမဲ့ဆောင်ရွက်ပေးခြင်းကို ဇန်နဝါရီလ ၁၅ ရက်နေ့မှ ၁၈ ရက်နေ့အထိ ကုသဆောင်ရွက်ပေးမည်ဖြစ်၍ လာရောက်ပြသသည့်လူနာများအား ယခုလို အကြိုစမ်းသပ်စစ်ဆေးခြင်းနှင့် ကြိုတင်အံကပ်ပုံစံယူခြင်း ဖြစ်ကြောင်း သိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့