
လားရှိုး ဇွန်-၂၁
လားရှိုးမြို့၊ ပြည်နယ်ဒုတိယအုပ်ချုပ်ရေးမှူးဦးမြင့်သန်းဝင်းသည် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ဒုတိုင်းမှူး၊ပြည်နယ်/ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ဝန်ထမ်းများနှင့်အတူ ဇွန်လ(၂၁)ရက် နံနက်(၇)နာရီ၌ ပြည်နယ်အစိုးရအဖွဲ့ရိပ်သာ၊ ပညာရေးဒီဂရီကောလိပ်၊ ပြည်သူ့ဆေးရုံကြီးတို့တွင် စုပေါင်းသန့်ရှင်းရေးပြုလုပ်ခဲ့ပါကြောင်းနှင့် အင်အား (၇၄) ဉီးတက်ရောက်ခဲ့ကြောင်း သိရှိရသည်
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး