လားရှိုး နိုဝင်ဘာ-၂၀
ရှမ်းပြည်နယ် (မြောက်ပိုင်း) လားရှိုးမြို့တွင် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (ရှမ်းမြောက်)မှ စာဆိုတော်နေ့အထိမ်းအမှတ် စာအုပ်စာစောင်များပေးအပ်လှူဒါန်းပွဲကို နိုဝင်ဘာလ ၂၀ ရက်နေ့ နံနက် ၉ နာရီခွဲက ခရိုင်လူထုအခြေပြုဗဟိုဌာန (Community Centre) ရှိ ဘက်စုံသုံးခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ မြန်မာ့ဆက်သွယ်‌ရေးလုပ်ငန်း (ရှမ်းမြောက်)မှ ပြည်နယ်မန်နေဂျာ ဦးမြတ်ဇင်က စာဆိုတော်နေ့ဖြစ်ပေါ်လာပုံသမိုင်းကြောင်းနှင့် စာအုပ်စာစောင်များပေးအပ်လှူဒါန်းသည့် ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားသည်။
ထို့နောက် ပြည်နယ်မန်နေဂျာ ဦးမြတ်ဇင်က စာဆိုတော်နေ့အထိမ်းအမှတ် စာအုပ်စာစောင် စုစုပေါင်း ၂၇၉ အုပ်အားပေးအပ်လှူဒါန်းခဲ့ရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လားရှိုးခရိုင်ရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးစိုင်းထွန်းနေလှိုင်က လက်ခံရယူခဲ့ပြီး တွဲဖက်ပြည်နယ်မှူး ဦးဇော်ဌေးအောင်က စာအုပ်စာစောင်များပေးအပ်လှူဒါန်းခြင်းနှင့် ပတ်သက်၍ ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့သည်။
အဆိုပါ‌စာအုပ်စာစောင်များပေးအပ်လှူဒါန်းပွဲသို့ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဌ ဦးမျိုးမင်းထွန်းနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများတက်ရောက်ခဲ့ပြီး ပေးအပ်လှူဒါန်းသည့် စာအုပ်စာစောင်များအား လှည့်လည်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး