လားရှိုး ဒီဇင်ဘာ ၁၄
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ လားရှိုးမြို့တွင်၊ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီက ကြီးကြပ်၍ ခရိုင်အားကစားနှင့်ကာယပညာကော်မတီဥက္ကဌဖလား အလွတ်တန်းဖိတ်ခေါ် ဘော်လုံးပြိုင်ပွဲ ဆုချီးမြှင့်ပေးအပ်ပွဲအခမ်းအနားကို ဒီဇင်ဘာလ ၁၃ ရက်နေ့ ညနေပိုင်းက ပြည်ထောင်စုအားကစားကွင်း၌ ကျင်းပသည်။
ရှေ့ဦးစွာ ပွဲစဉ်တစ်လျှောက် အကောင်းဆုံး ဂိုးသမားဆု၊ နောက်တန်းဆု၊ အလယ်တန်းဆု၊ ကစားသမားဆု၊ လူငယ်ကစားသမားဆုနှင့် နည်းပြဆုရရှိသောသူများအား မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဌ ဦးဇော်နိုင်ဦးနှင့် တာဝန်ရှိသူများက ထူးချွန်ဆုများအား အသီးသီးပေးအပ်ခဲ့သည်။
ထို့နောက် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဌနှင့် တက်ရောက်လာကြသည့် ဌာနဆိုင်ရာတာဝန်ရှိသူများက စတုတ္ထဆုရရှိသည့် Block 9 အသင်း၊ တတိယဆုရရှိသည့် Buffalo Wa U 20 အသင်းနှင့် ဒုတိယဆုရရှိသည့် Ethrnal Goal အသင်းတို့အား ငွေသားဆုနှင့် ကစားသမားတစ်ဦးချင်းဆုတံဆိပ်များအားလည်းကောင်း၊ ပထမဆုရရှိသည့် Buffalo Wa အသင်းအား ငွေသားဆု၊ ကစားသမားတစ်ဦးချင်းဆုတံဆိပ်များနှင့်
တံခွန်စိုက်ဖလားတို့အား အသီးသီးပေးအပ်ချီးမြှင့်ခဲ့ပြီး ဆုများအသီးသီးရရှိခဲ့သည့် ကစားသမားများနှင့် မှတ်တမ်းဓာတ်ပုံ ရိုက်ကူးခဲ့သည်။
အဆိုပါ ခရိုင်အားကစားနှင့်ကာယပညာကော်မတီဥက္ကဌဖလား အလွတ်တန်းဖိတ်ခေါ် ဘော်လုံးပြိုင်ပွဲအား နိုဝင်ဘာလ ၁၆ ရက်နေ့မှ ဒီဇင်ဘာလ ၁၃ ရက်နေ့အထိကျင်းပခဲ့ခြင်းဖြစ်ပြီး ပြိုင်ပွဲဝင်အသင်း စုစုပေါင်း ၃၀ သင်း ပါဝင်ယှဉ်ပြိုင်ခဲ့‌ကြောင်း ခရိုင်အားကစားနှင့်ကာယပညာကော်မတီမှ သိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့