လင်းခေး အောက်တိုဘာ၁၃
၂၀၂၅ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး ပြည်သူလူထုအတွက် ရွေး ကောက်ပွဲနှိုးဆော်အသိပညာ ပေးမြေစိုက်ပိုစတာ စိုက်ထူပွဲ အခမ်းအနားကို အောက်တိုဘာ၁၃ရက် နံနက် ပိုင်းက(လင်းခေး-ဝမ်ဟတ်-ဟိုမိန်းသွားလမ်း)အများပြည်သူ လူစည်ကားရာနေရာ၌ ကျင်းပခဲ့ကြောင်း သိရသည်။
ထို့နောက် တပ်နယ်(လင်းခေး)မှ တပ် နယ်မှူးဗိုလ်မှူးကြီးကျော်ထွန်း လတ်၊လင်းခေးခရိုင်စီမံခန့်ခွဲ ရေးနှင့်အုပ်ချုပ်ရေးကော် မတီဥက္ကဌ၊ခရိုင်အုပ်ချုပ်ရေး မှူးဦးအောင်ကိုဦး၊မြို့နယ်စီမံ ခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော် မတီဥက္ကဌ၊မြို့နယ်အုပ်ချုပ်ရေးမှူးဦးစိုးမင်းထက်တို့က “နိုင်ငံသားအခွင့်အရေးမဆုံးရှုံးဖို့မဲပေးကြပါစို့”လူထုအသိ ပညာပေးမြေစိုက်ပိုစတာအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးလိုက် ပါသည်။
ဆက်လက်၍ တပ်နယ်မှူး၊ ခရိုင်အုပ်ချုပ်ရေးမှူး၊မြို့နယ် အုပ်ချုပ်ရေးမှူး၊မြို့နယ်ရွေး ကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဌနှင့်တာဝန်ရှိသူတို့ကမြေစိုက်ပိုစတာအား နံ့သာရည် ပက်ဖျန်းပေးခဲ့ ကြပြီးနောက် အခမ်းအနားကိုရုပ်သိမ်းလိုက်ကြောင်း ကြေငြာ၍ အခမ်းအနားသို့ တပ်နယ်မှူး၊ ခရိုင်အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့ ဝင်များ၊မြို့နယ်အုပ်ချုပ်ရေး မှူးနှင့်အဖွဲ့ဝင်များ၊ခရိုင်/မြို့ နယ်အဆင့်ဌာနဆိုင်ရာအကြီး အကဲများနှင့်ဝန်ထမ်းများ၊ မြို့နယ်ရွေးကောက်ပွဲကော်မ ရှင်အဖွဲ့ခွဲ့ဥက္ကဌ၊ခရိုင်နှင့်မြို့ နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲအရာရှိနှင့်ဝန်ထမ်းများ ၊လူမှုရေးအသင်းအဖွဲ့များ၊ ကျောင်းသားကျောင်းသူဘင်ခရာတပ်ဖွဲ့ဝင်များ နှင့်ဒေသခံ ပြည်သူများ၊စုစုပေါင်း(၃၂၀) ဦးတက်ရောက်ခဲ့ကြ ကြောင်း သိရသည်။
ဆက်လက်၍ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ကိုဦး သည် မိုင်းပန်မြို့နယ်၊ နမ့်တိန်းကျေးရွာအုပ်စု၊ မိုင်းဟောင်း ကျေးရွာနှင့်လွိုင်နွဲ့ကျေးရွာ အတွင်း ၂၀၂၅-၂၀၂၆ လိုင်စင်သက်တမ်းအတွက် တင်ပြလျှောက်ထားသည့် ကျောက်ထုတ်လုပ်ငန်းတည်ရှိရာ လုပ်ငန်းတည်နေရာသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေး ကော်မတီ ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဟန်ဇော်မြင့် နှင့် အဖွဲ့ဝင်များ၊ သက်ဆိုင်ရာ ဌာနဆိုင်ရာများ၊ လုပ်ငန်းလိုင်စင်လျှောက်ထားသူ လုပ်ငန်းရှင်တို့နှင့်အတူ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။
၎င်းနောက် လင်းခေးမြို့၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလ(၂၈)ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေ ထွေရွေးကောက်ပွဲအောင်မြင်စေရေးအတွက် မဲစာရင်းပြည့်စုံမှန်ကန်မှုရှိစေရေး လုပ်ငန်းညှိနှိုင်းအစည်း အဝေးကို ကျင်းပခဲ့ရာ မြို့နယ်မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ် ချုပ်ရေးမှူး ဦးစိုးမင်းထက် မိမိတို့ မြို့နယ်အနေဖြင့် အပိုင်း(၁)တွင် ရွေးကောက်ပွဲကျင်းမည်ဖြစ်ရာ ပထမအကြိမ်မဲစာရင်း ကပ်ထားကြေညာရာ တွင် မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးကော်မတီမှ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ လူဝင်မှု ကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန(မြို့ နယ်ဦးစီးမှူးရုံး)နှင့် မြို့နယ်ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲရုံးတို့တိုက်ဆိုင်စစ်ဆေးခဲ့သည့် လူဦးရေ နှင့် တူညီမှုရှိပါကြောင်း၊ အချို့မြို့နယ်များတွင် မဲစာရင်းနှင့် မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေး ကော်မတီနှင့်မတူညီသည့်အတွက် မိမိတို့မြို့နယ်အနေဖြင့် သင်ခန်းစာယူ၍ ထပ်တိုး(၇)ရက်တွင် မဲ ဆန္ဒရှင်ပြည်သူများနှင့် နိုင်ငံ့ဝန်ထမ်းနှင့် မှီခိုများ မကျန်ရှိစေရေး တာဝန်ရှိသူအဆင့်ဆင့်မှ ထိထိ ရောက်ရောက်နှိုးဆော်အသိပေးကြရန် လိုအပ်ပါကြောင်း၊ ထို့အပြင် ၂၀၂၅ခုနှစ်၊ အောက်တိုဘာလ ၁၀ ရက်နေ့တွင် ကျင်းပပြုလုပ်သည့် မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးကြီးကြပ်မှု ဗဟိုကော်မတီဥက္ကဋ္ဌ၏ လမ်းညွှန်မှာကြားချက်အပေါ် အလေးအနက်ထားလိုက်နာအကောင်အထည်ဖော်ဆောင် ရွက်ကြရန်နှင့် ရွေးကောက်ပွဲအောင်မြင်ရေးသည် အန္တိမရည်မှန်းချက်ဖြစ်ပါကြောင်း၊ မဲဆန္ဒရှင်ပြည် သူများအနေဖြင့် မဲစာရင်းတွင်ပါ မပါ၊ အချက်အလက်ပြည့်စုံမှန်ကန်မှု ရှိ မရှိ၊ မဲစာရင်းထုတ်ပြန် ကြေ ညာထာသည့်နေရာများသို့ လာရောက်ကြည့်ရှုနိုင်ရေးနှင့် ပြင်ဆင်ဖြည့်စွက်ရန် လိုအပ်ချက်များရှိပါက ကာယကံရှင်အနေဖြင့် ရွေးကောက်ပွဲနည်းဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ ဖြည့်စွက်ဆောင်ရွက် သွားကြရန်နှင့် မဲပေးပိုင်ခွင့်ရှိသူတိုင်း ကိုင်ဆောင်ကတ်ပြားတစ်မျိုးမျိုးရရှိကိုင်ဆောင်နိုင်ရေး ဗဟို ကော်မတီ ဥက္ကဋ္ဌ၏ လမ်းညွှန်ချက်များကို မြို့နယ်အုပ်ချုပ်ရေးမှူးက အစည်းအဝေးသို့ တက်ရောက်လာကြသည့် ဌာနဆိုင်ရာအကြီးအကဲများ၊ ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးနှင့်စာရေးဝန်ထမ်းတို့အား အသေးစိတ်ချပြ ရှင်းလင်းခဲ့ပါသည်။
ဆက်လက်၍ မြို့နယ်ရဲတပ်ဖွဲ့မှူး၊ ရဲမှူးကျော်လွင်၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဝန်ကြီးဌာန(မြို့နယ်ဦးစီးမှူးရုံး) ဦးစီးအရာရှိ ဦးသူရနိုင်၊ မြို့နယ်ရွေးကောက်ပွဲအရာရှိ ဦးချိုနိုင်တို့မှ ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းစဉ်များ ရှင်းလင်းတင်ပြမှုအပေါ် မြို့နယ်အုပ်ချုပ်ရေးမှူး က ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပါကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့