
လင်းခေး ဇူလိုင်၁၉
ရှမ်းပြည်နယ်(တောင်ပိုင်း)လင်းခေးခရိုင်၊လင်းခေးမြို့နယ်၏ ဒုတိယအကြိမ် မိုးရာသီစုပေါင်း သစ်ပင်စိုက်ပျိုးပွဲတော်ကို ဇူလိုင်လ(၁၉)ရက် နံနက်၇နာရီခွဲက လင်းခေး- မိုင်းပန်သွားလမ်း ပြည်ထောင်စု လမ်းမကြီးနံဘေး၌ ဆောင်ရွက် ခဲ့ကြကြောင်း သိရသည်။
အဆိုပါ စိုက်ပျိုးပွဲမကျင်းပမီ လင်းခေးမြို့တပ်နယ်(လင်းခေး)မှတပ်နယ်မှူးဗိုလ်မှူးကြီးကျော် ထွန်းလတ်၊လင်းခေးခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ၊ခရိုင် အုပ်ချုပ်ရေးမှူးဦးအောင်ကိုဦး၊ မြို့နယ်အုပ်ချုပ်ရေးမှူးဦးစိုးမင်း ထက်နှင့် ခရိုင်သစ်တောဦးစီးဌာ နမှ ခရိုင်ဦးစီးမှူးဦးဇော်ဝင်း (လက်ထောက်ညွှန်ကြားရေးမှူး) တို့က ပျိုးပင်များပေးအပ်ရာ တာဝန်ရှိသူအသီးသီးက လက်ခံ ရယူခဲ့ကြပြီး စုပေါင်းသစ်ပင် စိုက်ပျိုးခဲ့ကြပါသည်။ ဆက်လက်၍ တပ်နယ်မှူး၊ခရိုင်
အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့က တက် ရောက်လာသူများ သစ်ပင်စိုက်ပျိုးနေမှု အခြေအနေအား လှည် လည်ကြည့်ရှု အားပေးခဲ့ကြကာ စိုက်ပျိုးပွဲကို ရုတ်သိမ်းလိုက် သည်။
ယခုစိုက်ပျိုးပွဲတော်တွင် ရတနာတန်းဝင်ကျွန်းပင်၊ မာတာ ကွတ်ပင်နှင့် စိန်ပန်းနီ(၄၀၀)ပင်အား တစ်ပျော်တစ်ပါးစုပေါင်း စိုက်ပျိုးခဲ့ကြသည်။စိုက်ပျိုးပွဲသို့ တပ်နယ်မှူး၊ ခရိုင်အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အုပ် ချုပ်ရေးမှူးနှင့်အဖွဲ့ဝင်များ၊ခရိုင် /မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများနှင့်ဝန်ထမ်းများ၊ခရိုင်/ မြို့နယ်သစ်တောဦးစီးဌာနမှ ဦးစီးမှူးများနှင့် ဝန်ထမ်းများ စုစုပေါင်း(၂၀၀)ဦးတက် ရောက်ခဲ့ကြကြောင်း သိရသည်
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး